သတင်းများ

ညောင်လေးပင်မြို့နယ်တွင် ကမ္မဌာနာစရိယဘွဲ့ တံဆိပ်တော်ရဆရာတော် ဘဒ္ဒန္တစန္ဒာဝရအား ထပ်ဆင့်ဂုဏ်ပြုပူဇော်ပွဲ အခမ်းအနားကျင်းပ
Mar 31,2024
ပဲခူးတိုင်းဒေသကြီး ပဲခူးခရိုင် ညောင်လေးပင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏စီစဉ်မှုဖြင့် ယနေ့နံနက် ၉ နာရီအချိန်က ကမ္မဌာန်းကျောင်းတိုက်၌ နိုင်ငံတော်မှချီးမြှင့်သော ၂၀၂၄-ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရဆရာတော်အား ထပ်ဆင့်ဂုဏ်ပြုပူဇော်ခြင်း ကျင်းပပြုလုပ်ခဲ့သည်။
တောင်သူများ Mobile Phone အသုံးပြု၍ စိုက်ပျိုးနည်းပညာနှင့် ဈေးကွက်သတင်းအချက် အလက်များ ရယူသုံးစွဲနိုင်ရေးသင်တန်း (TOT Training) ဖွင့်လှစ်
Mar 31,2024
စိုက်ပျိုးရေးဦးစီးဌာနသည် ကျေးရွာအရောက် တောင်သူအသုံးချဆက်သွယ်‌ရေး နည်းပညာပေး သင်တန်းများ ပို့ချ‌ပေးခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် တိုင်းဒေသကြီး/ပြည်နယ်အသီးသီးရှိ စိုက်ပညာရှင် ကွင်းဆင်းဝန်ထမ်းများအတွက် TOT Training များ ဆောင်ရွက်ပေးလျက်ရှိရာ မတ်လ ၃၀ ရက်နေ့က နေပြည်တော်တိုင်း စိုက်ပျိုးရေးဦးစီးဌာန၌ တောင်သူများ Mobile Phone အသုံးပြု၍ စိုက်ပျိုးနည်းပညာနှင့် ဈေးကွက်သတင်းအချက်အလက်များ ရယူသုံးစွဲနိုင်ရေး သင်တန်း (TOT Training) ကို ဖွင့်လှစ်ခဲ့သည်။
နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး လယ်ဝေးမြို့နယ် ဒေသဖွံဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး၊ အစိုးရဓမ္မာစရိယစာမေးပွဲ ဖြေဆိုလျက်ရှိသော သံဃာတော်များနှင့် သီလရှင်များကို ဖူးမြော်ကြည်ညို
Mar 31,2024
နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးသည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ လယ်ဝေးခရိုင်၊ လယ်ဝေးမြို့နယ်၊ ကန်သာကျေးရွာအုပ်စု၊ အောင်မြင် ကုန်းကျေးရွာ၌ မိုးကောင်းအောင်သိဒ္ဓိစေတီတော်မြတ်ကြီးရွှေထီးတော်၊ ငှက်မြတ်နားတော်၊ ရတနာစိန်ဖူး တော်တင်လှူပွဲနှင့် ဗုဒ္ဓဘိသေက အနေကဇာတင် မဟာမင်္ဂလာ အခမ်းအနားသို့ တက်ရောက်ပူဇော်သည်။
မအူပင်မြို့၊ Zay Ya TU International Language School ၏ နှစ်ပတ်လည်ဆုပေးပွဲအခမ်းအနားကျင်းပ
Mar 31,2024
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့၊ အမှတ်(၆) ရပ်ကွက်၊ ခိုင်သော်တာလမ်း၊ အမှတ် (၅၁) တွင် ဖွင်လှစ်တည်ထောင်ထားသော ဇေယျတုပညာဒါနသင်တန်းကျောင်း Zay Ya TU International Language School ၏ ၂၀၂၃-၂၀၂၄ ခုနှစ်ပညာသင်နှစ် နှစ်ပတ်လည်ဆုပေးပွဲ အခမ်းအနားကို ယနေ့ နံနက် (၈)နာရီက မအူပင်မြို့၊ ရေလဲလမ်း၊ လောကနတ်၊ ပြုံးရောင်ချယ် ခန်းမတွင် ကျင်းပပြုလုပ်သည်။
သံတွဲမြို့၌ (၄၄)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ပွဲတော်အောင်ပွဲကျင်းပ
Mar 31,2024
ရခိုင်ပြည်နယ်၊ သံတွဲခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူးကျင်းပသည့် (၄၄)ကြိမ်မြောက်၊ ခရိုင်၊ မြို့နယ်ဌာနပေါင်းစုံဝန်ထမ်းများနှင့် စေတနာရှင်အလှုရှင်များ၏ စုပေါင်းမဟာဘုံကထိန် အလှူမင်္ဂလာပွဲတော်အောင်ပွဲကို မတ်လ ၂၉ ရက်နေ့ မွန်းလွဲ ၂ နာရီက ဒွါရာဝတီမြို့နယ်ခန်းမ၌ ကျင်းပ ပြုလုပ်ရာ သံတွဲခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးချစ်နှင့်အဖွဲ့ဝင်များ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးမောင်သာစိန်နှင့်အဖွဲ့ဝင်များ ခရိုင်အဆင့်၊ မြို့နယ်အဆင့် ဌာနဆိုရာများနှင့် ဝန်ထမ်း များ တက်ရောက်ကြသည်။
မုဒုံမြို့တွင် ဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲဆက်လက်ဖြေဆို
Mar 31,2024
မွန်ပြည်နယ် မုဒုံမြို့နယ်တွင် ဓမ္မာစရိယနှင့် ပါဠိပထမပြန် စာမေးပွဲကို ယနေ့ မွန်းတည့် ၁၂ နာရီက မြို့မ(၂)ရပ်ကွက်ရှိ သာသနာ့ဗိမာန်တော်၌ ဆက်လက်ဖြေဆိုလျက်ရှိသည်။
နိုင်ငံတော်မှ ဆက်ကပ်လှူဒါန်းသော ဘွဲ့တံဆိပ်တော်ရ ဆရာတော်အား ထပ်ဆင့်ဆက်ကပ်ပူဇော်ပွဲ ဆင်ယင်ကျင်းပ
Mar 31,2024
နိုင်ငံတော်မှ ဆက်ကပ်လှူဒါန်းသည့် မဟာဂန္ထဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ ပေါင်းတည်မြို့ သဒ္ဓမ္မဇောတိကာရုံကျောင်းတိုက်၏ ဦးစီးပဓာန နာယက ဆရာတော်ဘဒ္ဒန္တသုန္ဒရအား ဂုဏ်ပြုချီးကျူးပူဇော်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက  သာသနာ့ ဗိမာန်တော်တွင် ဆင်ယင်ကျင်းပရာ မဟာဂန္ထဝါစကပဏ္ဍိတဘွဲ့တံဆိပ်တော်ရ ဆရာတော် ဘဒ္ဒန္တသုန္ဒရ အမှူးပြုသော ဆရာတော် သံဃာတော်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ အလှူဒါယိကာများ၊ တပည့်ဒါယကာ၊ ဒါယိကာမများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ပူဇော်ကြသည်။
တံတားဦးမြို့နယ်တွင် ငရုတ်စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိ
Mar 31,2024
တံတားဦးခရိုင် တံတားဦးမြို့နယ်တွင် စားဖိုချောင်သီးနှံများဖြစ်သော ငရုတ်၊ ကြက်သွန်၊ ခရမ်းသီး၊ ကန်စွန်းရွက်၊ ပန်းမုံလာ၊ ဂေါ်ဖီထုပ်၊ ချဉ်ပေါင်ရွက် စသည်တို့ စိုက်ပျိုးကြပြီး ငရုတ်စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။