“အလှပိုမို တစ်မျက်နှာဝတ္ထုတိုနှင့် အလှဝေဖြာကဗျာပဒေသာ” အမှတ်စဉ်(၃) စာအုပ်မိတ်ဆက်ပွဲ ကျင်းပ

ရန်ကုန် ဧပြီ ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ်  ၄၁ လမ်း(အောက်) ဘိုကလေးစျေးအနီး ထာဝရအလှစာပေချစ်မြတ်နိုးသူများဆုံမှတ်တွင် ယမန်နေ့က “အလှပိုမို တစ်မျက်နှာဝတ္ထုတိုနှင့် အလှဝေဖြာကဗျာပဒေသာ” အမှတ်စဉ်(၃ )စာအုပ်မိတ်ဆက်ပွဲကျင်းပရာ အဆိုပါအခမ်းအနားသို့ ၎င်းစာအုပ်တွင် ပါဝင်ရေးသားကြသော စာရေးဆရာ၊ ဆရာမများ တက်ရောက်ခဲ့ကြသည်။

အဆိုပါစာအုပ်တွင် စာရေးဆရာ/ဆရာမ ၅၇ ဦး ပါဝင်ရေးသားသည့် ဝတ္ထုတို ၅၆ ပုဒ်နှင့် ကဗျာ ၁၅ ပုဒ်ပါရှိပြီး ထိုစာအုပ်ကို မောင်ညီဦး(ကစလ )နှင့် ဟန်သိန်း(သဇ္ဇန)တို့က ကြီးကြပ်၍ ဇော်ထူးနိုင်(စာပေနှင့်ဂမ္ဘီရ)တို့က စီစဥ်ကာ ဇော်ထူးနိုင်စာပေ ကမ္ဘာအေးဘုရားဝင်း(ခြင်္သေ့နှစ်ကောင်အနီး)မရမ်းကုန်းမြို့နယ် ဖုန်း ၀၉၅၁၅၃၂၅၅ မှတစ်အုပ်လျှင်   ၆၀၀၀ ကျပ်ဖြင့် ဖြန့်ချီရောင်းချပေးမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

ခင်ဝင်း