ဒဂုံမြောက် ဧပြီ ၂၁
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၌ ပူပြင်းခြောက်သွေ့သော နွေရာသီသို့ ရောက်ရှိလာပြီဖြစ်၍ ရေရှားပါးမှုနှင့် ရေပြတ်လပ်မှုမရှိစေရေးအတွက် သောက်သုံးရေများအား မြို့နယ်မီးသတ်ဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်များက ယမန်နေ့ နေ့လယ်ပိုင်းက ဓမ္မသစ္စာဘုန်းတော်ကြီးကျောင်းတိုက်သို့ သွားရောက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ထိုသို့သွားရောက်လှူဒါန်းရာတွင် အမှတ် (၄၈) ရပ်ကွက်၊ ငုဝါလမ်းရှိ ဓမ္မသစ္စာဘုန်းတော်ကြီးကျောင်းတိုက်တွင် သောက်သုံးရေ ပြတ်လပ်မှု မဖြစ်ပေါ်စေရေးအတွက် သောက်သုံးရေ (၃၂၀၀) ဂါလန်အား မြို့နယ်မီးသတ်ဦးစီးဌာန၊ ဒုတိယမီးသတ်ဦးစီးမှူး ဦးအောင်ကျော်စိုး ဦးဆောင်၍ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် (၅) ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် (၃) ဦးတို့ဖြင့် သွားရောက် လှူဒါန်းခဲ့ကြောင်းသိရှိရသည်။
ရေရှားပါးမှုနှင့် ရေပြတ်လပ်မှုမရှိစေရေးအတွက် သောက်သုံးရေများလိုအပ်ပါက မြို့နယ်မီးသတ်ဦးစီးဌာန ဖုန်းနံပါတ် ၀၁၃၅၈၄၀၆၀ သို့ အကူအညီတောင်းခံနိုင်ကြောင်း မြို့နယ် မီးသတ်ဦးစီးဌာနမှ သတင်းရရှိသည်။
မြင့်မြင့်ရီ