မိုးကုတ် ဇွန် ၂၄
မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်ရှိ မြို့နယ်ကြက်ခြေနီအသင်း(ခွဲ)မှတပ်ဖွဲ့ဝင်များသည် ခြင်မှတစ်ဆင့်ဖြစ်ပွားတက်သည့် သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရန်နှင့် ကြိုတင်ကာကွယ်နိုင်ရန်အတွက် ခြင်ဆေးဖျန်းခြင်းလုပ်ငန်းများကို ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်က ရေပူရပ်ကွက်ရှိ ပရဟိတကျောင်းဝင်းအတွင်းသို့သွားရောက်၍ ခြင်ဆေးဖျန်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ကြက်ခြေနီအသင်း(ခွဲ)မှတပ်ဖွဲ့ဝင်များက ရေပူရပ်ကွက်၊ ပရဟိတကျောင်းဝင်းအတွင်းရှိ ခြင်ခိုအောင်းနိုင်သော နေရာများ၊ ရေမြောင်းများ၊ အိမ်သာများ၊ ကျောင်းအိမ်ခန်းများစသည့်နေရာများတွင် သွေးလွန်တုပ်ကွေးရောဂါမဖြစ်ပွားစေရန်၊ ခြင်လောက်လန်များ မပေါက်ပွားစေရန်နှင့် ခြင်များမခိုအောင်းနိုင်ရန်အတွက် ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်း၊ မြို့နယ်ကြက်ခြေနီအသင်း(ခွဲ)မှ သိရသည်။
ဇင်မင်းမောင်(ပြန်/ဆက်)