သတင်းများ

မိုင်းဖြတ်မြို့နယ်၌ ကျေးရွာစာကြည့်တိုက်များရှင်သန်ခိုင်မာရေးနှင့် စာဖတ်ရှိန်မြှင့်တင်​ရေး အသိပညာ​ပေးလုပ်ငန်းများ ​ဆောင်ရွက်
Jul 09,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ကျေးရွာစာကြည့်တိုက်များ ရှင်သန်ခိုင်မာရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာ​ပေးလုပ်ငန်းများ​ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၁၀ နာရီက ​ဆိုင်း​လေ​ကျေးရွာရှိ စာပန်း​ဝေ​ဝေစာကြည့်တိုက်၌ ကွင်းဆင်း​ဆောင်ရွက်ခဲ့သည်။
စလင်းမြို့နယ်၌ အခြေခံစားသောက်ကုန်ဆန်များ သက်သာသောစျေးနှုန်းဖြင့် ရောင်းချပေး
Jul 09,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၌ အခြေခံစားသောက်ကုန်ဖြစ်သည့် ဧရာပဒေသာဆန်များအား ကာလပေါက်စျေးထက် စျေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးနိုင်ရေး အိမ်ထောင်စုတိုင်းအတွက် စားနပ်ရိက္ခာဆန်များ ရောင်းချပေးခြင်းကို ယနေ့ နံနက် (၈) နာရီအချိန်က ကျောင်းကြားရပ်ကွက်နှင့် ကျွန်းတော်ဦးလမ်းဆုံ ဋ္ဌေးရတနာဆန်စက်အနီးတွင် ဆန်စက်လုပ်ငန်းရှင်များမှ ရောင်းချပေးခဲ့သည်။
အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသားကျောင်းသူများ ကျန်းမာကြံ့ခိုင်စေရန်နှင့် စိတ်အပန်းဖြေစေရန်အတွက် ကိုယ်ကာယကြံ့ခိုင်မှု အကပြိုင်ပွဲကျင်းပ
Jul 09,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ကိုယ်ကာယ ကြံ့ခိုင်မှု အကပြိုင်ပွဲကို ယနေ့နံနက်(၉)နာရီက အဆိုပါကျောင်းရှိ အလေးပြုကွင်း မြက်ခင်းပြင်တွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။
မရမ်းကုန်းမြို့နယ်တွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါနှင့် ပက်သက်၍ အသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်သွားရန် အစည်းအဝေးကျင်းပ
Jul 09,2024
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါနှင့် ပက်သက်၍ ယမန်နေ့နံနက် ၉ နာရီက မြို့နယ်အတွင်း အရှိန်အဟုန်မြှင့်ဆောင်ရွက်သွားရန် အစည်းအဝေး‌ကျင်းပခဲ့ကြောင်း သိရသည်။
သန်လျင်ခရိုင်အတွင်း ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ရေး ညှိနှိုင်းဆွေးနွေး
Jul 09,2024
သန်လျင်ခရိုင်အတွင်း ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ရေး ညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက် (၁၀) နာရီတွင် သန်လျင်မြို့ရှိ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရှင်စောပုခန်းမ၌ ကျင်းပသည်။
ကျိုင်းလပ်မြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာအုပ်၊ စာစောင်များ အခမဲ့ငှားရမ်းပေး
Jul 09,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများက ဌာနဆိုင်ရာအသီးသီးရှိ ဝန်ထမ်းများ၊ ကလေးသူငယ်များအား Mobile Libraryစနစ်ဖြင့် စာအုပ်၊ စာစောင်များ လက်ဝယ်အရောက် အခမဲ့ကွင်းဆင်းငှားရမ်းပေးလျက်ရှိရာ ယနေ့နံနက်က အခြေခံပညာကျောင်းများသို့ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ညောင်ဦးမြို့နယ်တွင် ဧရာဝတီမြစ်ရေကြီးမှု အခြေအနေအား တာဝန်ရှိသူများက လိုက်လံနှိုးဆော်
Jul 09,2024
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်တွင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့နံနက် ၁၀ နာရီအချိန် တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေမှတ်သည် ၂၁၁၀ စင်တီမီတာသို့ရောက်ရှိနေပြီး ညောင်ဦးမြို့ စိုးရိမ်ရေမှတ် ၂၁၂၀ စင်တီမီတာသို့ ရောက်ရှိရန် ၁၀ စင်တီမီတာသာလိုတော့ကြောင်း ညောင်ဦးခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူများထံက သိရသည်။
တောင်တွင်းကြီးမြို့နယ်၌ ဆီထွက်သီးနှံအထူးဇုံရှိ မိုးနှမ်းများ အောင်မြင်ဖြစ်ထွန်း
Jul 09,2024
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်အတွင်းရှိ ဆီထွက်သီးနှံအထူးဇုန်အဖြစ် ကျေးရွာအုပ်စု (၇၃) အုပ်စုရှိရာ လယ်ယာမြေများတွင် မေလဆန်းက မိုးဦးမိုးဖြင့် စိုက်ပျိုးခဲ့သည့် မိုးနှမ်းသီးသန့်စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။