ကရသူရိ ဇူလိုင် ၂၄
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၌ စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဒေသခံတောင်သူများအား ကော်ဖီနှင့် ကိုကိုးပင်များ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ တော်ဝင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့အုပ်ချုပ်ရေးမှူး ဦးအေးမျိုးအောင်က ဒေသခံတောင်သူများနေဖြင့် ဥယျာဥ်ခြံမြေ၊ တောင်ယာလုပ်ငန်းနှင့် မြေလွတ်/ မြေရိုင်းများအား သတ်မှတ်ထားသည့် စည်းကမ်းချက်များအတိုင်း လိုက်နာလုပ်ကိုင်ကြရန်နှင့် ဆုံးရှုံးနစ်နာမှုများ မရှိစေရေး သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းလုပ်ဆောင်ကြရန် ပြောကြားသည်။ ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့ဦးစီးမှူးက ကော်ဖီနှင့် ကိုကိုးပင်များ ထောက်ပံ့ပေးအပ်ရခြင်းအကြောင်း၊ မြို့မြေစာရင်းဦးစီးဌာနမှ မြို့ဦးစီးမှူးက လယ်ယာမြေနှင့် ဥယျာဥ်ခြံမြေလုပ်ကိုင်ရာတွင် လိုအပ်ချက်များအား အသိပေးရှင်းလင်းပြောကြားသည်။
ထို့နောက် နှစ်ရှည်စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်လျက်ရှိသည့် ဒေသခံတောင်သူများအား ကော်ဖီနှင့် ကိုကိုးပျိုးပင် (၂၀၀၀) ပင်အား မြို့အုပ်ချုပ်ရေးမှူးနှင့် သက်ဆိုင်ရာ တာဝန်ခံများက ပေးအပ်ရာ တောင်သူများမှ လက်ခံရယူခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)