ရေတာရှည် သြဂုတ် ၁၂
ပဲခူးတိုင်းဒေသကြီးတိုင်းရင်းဆေးပညာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးဌာနမှူး၏လမ်းညွှန်မှုဖြင့် တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ အမှတ်(၄)ရပ်ကွက် မူလတန်းလွန်ကျောင်း၌ ယနေ့နံနက်ပိုင်းက ရာသီတုပ်ကွေးရောဂါအကြောင်း ဟောပြောခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးသည်။
အဆိုပါကျောင်းသို့ ရေတာရှည်မြို့နယ်(၁၆)ခုတင်ဆံ့တိုင်းရင်းဆေးရုံမှ ဆေးရုံအုပ်ဒေါ်ခင်စန်းလှိုင် ၊ လက်ထောက်တိုင်းရင်းဆေးမှူး ဒေါ်ခင်မျိုးဆွေ ၊ မြို့နယ်တိုင်းရင်းဆေးကုဌာနမှ တိုင်းရင်းဆေးမှူး ဒေါ်မေနှင်းတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများအား ရာသီတုပ်ကွေးရောဂါအကြောင်း အသိပညာပေးဟောပြောပြီး ကျောင်းရှိ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း(၉၈)ဦးအား ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်