ပုဗ္ဗသီရိ ဒီဇင်ဘာ ၁၃
နေပြည်တော်ကောင်စီနယ်မြေ ပုဗ္ဗသီရိမြို့နယ် ရွာတော်အဆင့်မြင့်မင်္ဂလာဈေး၌ ပွင့်လင်းရာသီတွင် မီးလောင်မှုနှင့် မီးလန့်မှုများ မဖြစ်ပွားစေရေးအတွက် မီးဘေးလုံခြုံရေးဆိုင်ရာ စစ်ဆေးခြင်း၊ အသိပညာပေးခြင်းနှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး သရုပ်ပြလေ့ကျင့်ခြင်းကို ယမန်နေ့ နံနက် (၁၀) နာရီအချိန်က ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ပုဗ္ဗသီရိမြို့နယ် မီးသတ်ဦးစီးဌာနမှ ဦးစီးမှူး ဦးညီညီဝင်း ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက ဈေးအတွင်းရှိ ဈေးရောင်းသူများအား မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောခြင်း၊ မီးဘေးလုံခြုံရေးဆိုင်ရာ စစ်ဆေးခြင်းနှင့် သရုပ်ပြလေ့ကျင့်မှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နန်းရွှေရတီ (ပြန်/ဆက်)