ချောင်းဆုံမြို့နယ်၌ (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲ ၊ဓါတ်ပုံပြပွဲနှင့် ပြိုင်ပွဲများဆောင်ရွက်

ချောင်းဆုံ ဒီဇင်ဘာ ၁၃

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်ရှိ ကျောင်းသားလူငယ်များအနေဖြင့် လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်း၊ လွတ်လပ်ရေးနေ့ ဖြစ်ပေါ်လာပုံနှင့်ပတ်သက်၍ သိရှိနားလည်နိုင်ရန်အတွက် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာ ၁၂ ရက်နေ့နံနက် (၁၀) နာရီက ကုလားဘီ-ရွာမ (အ.မ.က) ကျောင်းတွင် အသိပညာပေးဟောပြောပွဲ၊ ဓါတ်ပုံပြပွဲနှင့် နံရံကပ်စာစောင်များပြသခြင်းကို ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီးက အဖွင့်အမှာစကားပြောကြားကာ မြို့နယ် (ပြန်/ဆက်) ဦးစီးဌာနဦးစီးအရာရှိ ဒေါ်မိသူဇာက အာဇာနည်ခေါင်းဆောင်ကြီးများ၏ လွတ်လပ်ရေးရရှိအောင် ကြိုးပမ်းခဲ့ကြပုံများ၊ လွတ်လပ်ရေးနေ့ ဖြစ်ပေါ်လာပုံသမိုင်းကြောင်းများ နှင့်စာအုပ်စာပေမှရရှိမည့် အသိပညာ ဗဟုသုတများအကြောင်း အသိပညာပေးဟောပြောခဲ့ပြီး ကျောင်းသား/သူများ သိလိုသည်များကို ပြန်လည်ဖြေကြားပေးကာ စာဖတ်စွမ်းရည်ပြိုင်ပွဲ များနှင့် ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ၏ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်း မှတ်တမ်းဓါတ်ပုံများကို ပြသခဲ့ကြောင်းသိရသည်။

မြို့နယ် (ပြန်/ဆက်)