ကာလိမြို့ အ‌ခြေခံပညာမူလတန်းကျောင်း(မိုင်းယိုင်း)၌ (၂၀၂၄-၂၀၂၅)ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာ‌ရည်ချွန်ဆုပေးပွဲ ကျင်းပ

ကာလိ ဇန်နဝါရီ ၂၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့ အ‌ခြေခံပညာမူလတန်းကျောင်း(မိုင်းယိုင်း)၏ (၂၀၂၄-၂၀၂၅) ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာ‌ရည်ချွန်ဆုပေးပွဲအခမ်းအနားကို ယမန်နေ့က အဆိုပါကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ‌ကျောင်းသား၊ ကျောင်းသူများက “လမ်းပြကြယ်သီချင်း”ဖြင့် အခမ်းအနားအား စတင်ဖွင့်လှစ်ခဲ့ပြီး ကာလိမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့အုပ်ချုပ်ရေးမှူး ဦးစန်းမြင့်သန်းကလည်းကောင်း၊ ကွန်ဟိန်းမြို့နယ် ပညာရေးမှူးရုံးမှ ဒုတိယမြို့နယ်ပညာရေးမှူး ဦးကျော်သူရိန်ကလည်းကောင်း၊ ကာလိမြို့ မြို့မိမြို့ဖ ဆရာကျော်ကလည်းကောင်း အသီးသီးအမှာစကားပြောကြားခဲ့ပြီး၊ ကျောင်းအုပ်ဆရာမကြီး ‌ဒေါ်မီမီကိုလင်းမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

ယင်းနောက် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရည်ချွန်ဆုရရှိသော ကျောင်းသား၊ ကျောင်းသူတို့အား တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ခဲ့ကြပြီး ကျောင်းသား၊ ကျောင်းသူများက တေးသီချင်းသရုပ်ဖော်များ၊ ရိုးရာအက အလှများဖြင့် ဖျော်ဖြေခဲ့ကြပြီး ကျောင်းသား၊ ကျောင်းသူများက ကြိုဆိုပါတယ်စုံညီပွဲတော်သီချင်းဖြင့် အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သိရသည်။ အခမ်းအနားကို ဌာနဆိုင်ရာအကြီးအကဲများ၊ ကျောင်းအုပ်ဆရာ/ ဆရာမကြီးများ၊ မိဘများ၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့များနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

စည်သူ(ပြန်/ဆက်)