သတင်းများ

ပွင့်ဖြူမြို့နယ်တွင် မဲဆန္ဒရှင်စာရင်း လာရောက်ကြည့်ရှုသူ ၄၆၀၀၀ ကျော်ရှိ
Aug 09,2020
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ (၈) ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးအတွက် ဆန္ဒမဲပေးနိုင်ရန်အတွက် ပထမအကြိမ် မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာခြင်းကို ဇူလိုင် ၂၅ ရက်မှ စတင်ကာ မြို့ပေါ်ရပ်ကွက် (၄) ရပ်ကွက်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးရုံးများတွင် ကပ်ထားကြေညာ ထားရှိရာ ဩဂုတ် ၈ ရက်နေ့အထိ မဲစာရင်းလာရောက်ကြည့်ရှုသူ ၄၆၀၀၀ ကျော် ရှိပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။
စလင်းမြို့နယ်တွင် လယ်ယာသုံးစက်ကရိယာများကို စက်မှုလယ်ယာဦးစီးဌာနမှ ရောင်းချပေး
Aug 09,2020
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့ရှိ စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ စက်မှုလယ်ယာဦးစီးဌာနမှ ကိုဗစ် - ၁၉ ရောဂါ ကာလအတွင်း တောင်သူ ဦးကြီးများအတွက် လက်မှုလယ်ယာမှ စက်မှုလယ်ယာသို့ ကူးပြောင်းနိုင်ရန် ဈေးနှုန်းသက်သာပြီး တာရှည်ခံနိုင်သည့် လယ်ယာသုံးစက်ကိရိ ယာများကို လက်ငင်းငွေချေစနစ်၊ အရစ်ကျစနစ်များဖြင့် ရောင်းချပေးလျက်ရှိသည်။
လိုင်လင်းပီစာစစ်ဌာနမှ ၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုအောင်မြင်သူ (၆၅)ဦးရှိ
Aug 09,2020
ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ လိုင်လင်းပီမြို့ စာစစ်ဌာန၏ ၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲ ဖြေဆိုအောင်မြင်သူ (၆၅)ဦးရှိကြောင်း ယနေ့နံနက် ၁၂ နာရီခွဲအချိန်၌ အွန်လိုင်းစနစ်ဖြင့် ထုတ်ပြန်သည့် တက္ကသိုလ်ဝင် စာမေးပွဲအောင်စာရင်းများ ထုတ်ပြန်ချက်အရ သိရသည်။
ဆောမြို့တွင် မိုးစပါး (ဆင်းသုခ) မျိုးစေ့ထုတ်စိုက်ခင်း (၆)တန်း၊ (၁)တန်းလှပ် စိုက်ခြင်း ကွင်းသရုပ်ပြ
Aug 09,2020
ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်တွင် တောင်သူလယ်သမားများ စပါးစိုက်ပျိုးရာတွင် မျိုးကောင်းမျိုးသန့်များ ရရှိစေရေး မိုးစပါး (ဆင်းသုခ) မျိုးစေ့ထုတ် စိုက်ခင်း (၆) တန်း၊ (၁)တန်း လှပ်စိုက်ခြင်း ကွင်းသရုပ်ပြ ပွဲကို ယနေ့ နံနက် (၈) နာရီအချိန်က ဆောမြို့ အညာကတင်းကျေးရွာ ကွင်းအမှတ် (၁၆၁)၊ (၁၆၂) တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းတွင် မွန်ပြည်နယ်သည် ၃၄.၇၁ ရာခိုင်နှုန်းဖြင့် တစ်နိုင်ငံလုံး၌ တတိယရရှိ
Aug 09,2020
ကိုဗစ်-၁၉ ကူးစက်ကပ်ရာဂါကြောင့် ၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို အွန်လိုင်းစနစ်ဖြင့် ယနေ့တွင် တစ်နိုင်ငံလုံး၌ တစ်ပြိုင်နက် ထုတ်ပြန်ကြေညာခဲ့ရာ မွန်ပြည်နယ်သည် အောင်ချက် ၃၄.၇၁ ရာခိုင်နှုန်းဖြင့် တစ်နိုင်ငံလုံးတွင် တတိယရရှိခဲ့သည်။
ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်မြို့နယ် ပင်လုံမြို့သို့ နေရပ်ပြန်ပြည်သူ ၅၆ ဦး ထပ်မံဝင်ရောက်လာကာ ကန့်သတ်စောင့်ကြည့်ရေးစခန်း၌ စနစ်တကျထားရှိ
Aug 09,2020
မြဝတီမြို့ အမှတ် (၂) ချစ်ကြည်ရေးတံတားမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား နေရပ်ပြန်ပြည်သူများသည် ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်မြို့နယ် ပင်လုံမြို့သို့ ယမန်နေ့ ညနေ ပိုင်း ၅ နာရီခွဲအချိန်က (၅၆)ဦး ထပ်မံဝင်ရောက်လာခဲ့ကြောင်း သိရသည်။
ချင်းပြည်နယ် မင်းတပ်မြို့၌ တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်မြင်သူ ၃၀.၄၉ ရာခိုင်နှုန်းရှိ
Aug 09,2020
ချင်းပြည်နယ် မင်းတပ်မြို့၌ ၂၀၁၉−၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်မြင်သူ ၃၀.၄၉ ရာခိုင်နှုန်းရှိပြီး မင်းတပ်ခရိုင် အနေဖြင့် စာမေးပွဲအောင်မြင်သူ ၁၉.၂၈ ရာခိုင်နှုန်းရှိကြောင်း သိရသည်။
ဗိုလ်တထောင်မြို့နယ်တွင် Social Distancing နှင့်အညီ စုပေါင်းဝါဆိုသင်္ကန်းဆပ်ကပ်လှူဒါန်း
Aug 09,2020
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဗိုလ်တထောင်မြို့နယ်တွင် စုပေါင်းဝါဆိုသင်္ကန်း ဆပ်ကပ်လှူဒါန်းခြင်းကို ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က ဗိုလ်တထောင်ကျိုက်ဒေးအပ် ဆံတော်ဦးစေတီတော်ရှိ ဆိပ်ကမ်းလုပ်သားပေါင်းစုံ ဓမ္မာရုံတွင် Social Distancing နှင့်အညီ ဆောင်ရွက်ခဲ့ကြသည်။