ထန်းတပင်မြို့နယ်တွင် ရေဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး
Aug 09,2020
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်တွင် ရေကြီးမှုအန္တရာယ် ဖြစ်ပေါ်လာပါက ကြိုတင် ကာကွယ်နိုင်ရန်အတွက် ရေဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက ပန်တိုင်ကျေးရွာ၊ ပန်တိုင်-ဒေါင့်ကြီးတာပေါ်ရှိ ပန်တိုင်ရေထိန်းတံခါးအမှတ် (၂) အနီးတွင် ကျင်းပပြုလုပ်ခဲ့ကြသည်။