ချင်းပြည်နယ် မင်းတပ်မြို့၌ တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်မြင်သူ ၃၀.၄၉ ရာခိုင်နှုန်းရှိ

မင်းတပ် သြဂုတ်

ချင်းပြည်နယ် မင်းတပ်မြို့၌ ၂၀၁၉၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်မြင်သူ ၃၀.၄၉ ရာခိုင်နှုန်းရှိပြီး မင်းတပ်ခရိုင် အနေဖြင့် စာမေးပွဲအောင်မြင်သူ ၁၉.၂၈ ရာခိုင်နှုန်းရှိကြောင်း သိရသည်။

ချင်းပြည်နယ် မင်းတပ်မြို့၌ တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုသူ (၁၅၃၅)ဦးရှိသည့်အနက် အောင်မြင်သူ (၄၆၈) ဦးရှိကာ ဂုဏ်ထူးရဦးရေ (၇၃)ဦးရှိပြီး အောင်ချက်ရာခိုင်နှုန်း ၃၀.၄၉ ရာခိုင်နှုန်း ရှိကြောင်း၊ မင်းတပ်ခရိုင် အနေဖြင့် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုသူ (၆၀၅၃) ဦးရှိပြီး အောင်မြင်သူ (၁၁၆၇) ဦးရှိကာ ဂုဏ်ထူးရဦးရေ (၂၃၇) ဦးရှိပြီး အောင်ချက် ရာခိုင်နှုန်း ၁၉.၂၈ ရာခိုင်နှုန်းရှိကြောင်း ခရိုင်ပညာရေးမှူး ရုံးမှ သိရသည်။

ခွီရှိန်းမောင်း(ခရိုင်ပြန်/ဆက်)