သတင်းများ

တိုက်ကြီးမြို့နယ်တွင် ပထမအကြိမ် မဲဆန္ဒရှင်စာရင်းများ ပြင်ဆင်ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Aug 05,2020
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု (၉၅)အုပ်စုရှိ ရပ်ကွက်/ ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အတွက် မဲဆန္ဒရှင်စာရင်းများကို ပထမအကြိမ်အဖြစ် ဇူလိုင် ၂၅ ရက်နေ့မှ ဩဂုတ် ၇ ရက်နေ့အထိ ကပ်ထားကြေညာ ထားပြီးဖြစ်ရာ မဲဆန္ဒရှင် ပြည်သူများ အနေဖြင့် ပုံစံ(၃)၊ ပုံစံ(၄)၊ ပုံစံ(၄-ဂ) တို့ ဖြင့် ဆန္ဒပြုတင်ပြလာသည့်အပေါ် ဩဂုတ် ၈ ရက်နေ့ မှ ၁၄ ရက်နေ့အထိ ပထမအကြိမ် မဲဆန္ဒရှင်စာရင်းများ ပြင်ဆင်ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က တိုက်ကြီးမြို့နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နံရံကပ်ပြဘုတ်၌ ၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအကြောင်း သိကောင်းစရာများပြသ
Aug 05,2020
ကရင်ပြည်နယ် ၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် မြေစိုက်နံရံကပ်ဘုတ်တွင် ၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအကြောင်းသိကောင်းစရာများကို ယနေ့နံနက် ၉ နာရီက ပြသထားကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ အစားအစာဘေးကင်းလုံခြုံရေးစီမံချက် ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်
Aug 05,2020
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ အစားအစာဘေးကင်းလုံခြုံရေးစီမံချက် ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ Aflatoxin (အဖာတောက်ဆင်)နဲ့ပတ်သက်ပြီး ငရုတ်သီးနှံကို ဆောင်ရွက်နေသည့်အပြင် ပြည်သူများစားသုံးနေသောစားသုံးဆီတွင် ပါဝင်ပတ်သက်နေသည့် မြေပဲသီးနှံအား ၂၀၁၉-၂၀၂၀ ဘတ်ဂျက်တွင် မိုးမြေပဲ စိုက်ဧက ၂၇၆၂၃ ဧကကိုလျာထားကြောင်း မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ပုံပါကျင်မြို့တွင် ကလေးငယ်များ ပုံမှန်ကာကွယ်ဆေးထိုး ဆေးတိုက်ခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း လုပ်ငန်းများ ဆောင်ရွက်
Aug 05,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့တွင် ကလေးငယ်များအား လစဉ်ပုံမှန်ကာကွယ် ဆေးထိုးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးစောင့်ရှောက်မှုပေးသည့် လုပ်ငန်းကိုဆောင်ရွက်လျက်ရှိရာ ပုံပါကျင်မြို့ ကျေးလက်ကျန်းမာရေးဌာနခွဲများ၌ ဩဂုတ်လ (၃)ရက်နေ့နှင့်(၄)ရက်နေ့တို့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဇီးကုန်းမြို့နယ်တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ထုတ်ဝေသည့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် ပိုစတာများ ချိတ်ဆွဲခြင်း ဆောင်ရွက်
Aug 05,2020
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ဇီးကုန်းမြို့နယ်တွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ ထုတ်ဝေသည့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် ပိုစတာများ ချိတ်ဆွဲခြင်းကို မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးများမှ တာဝန်ရှိသူများနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ပြည်သူများ လက်ဝယ်အရောက် ဖြန့်ဝေ လျက်ရှိကြောင်း သိရသည်။
ပေါက်ခေါင်းမြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများသို့ တတိယအကြိမ် ထောက်ပံ့ငွေများပေးအပ်
Aug 05,2020
ပေါက်ခေါင်းမြို့နယ် ရပ်ကွက်ကျေးရွာအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု များသို့ တတိယ အကြိမ် ထောက်ပံ့ငွေပေးအပ်ပွဲကို ယမန်နေ့ နေ့လယ် ၁ နာရီက ပေါက်ခေါင်းမြို့ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
သင်္ဃန်းကျွန်းမြို့နယ်တွင် လူမှုဖူလုံရေး အာမခံထားရှိသောအလုပ်သမားများအား လူမှုဖူလုံရေး ထောက်ပံ့ငွေ အကျိုး ခံစားခွင့်များပေးအပ်
Aug 05,2020
ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးကာလအတွင်း ကျန်းမာရေးစစ်ဆေးမှုခံယူရန် ယာယီ ပိတ်သိမ်း ထားခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး