သတင်းများ

ချောက်မြို့ အမှတ်(၂)ရပ်ကွက် ရေဘေးရှောင်အိမ်ထောင်စု (၂၅)စုအတွက် ဆန်ရိက္ခာထောက်ပံ့ငွေပေးအပ်
Aug 06,2020
မကွေးတိုင်းဒေသကြီး ချောက်မြို့တွင် ဧရာဝတီမြစ်ရေမြင့်တက်ဝင်ရောက်လာမှုကြောင့် မြေနိမ့်ပိုင်းဖြစ်သော အမှတ်(၂) ရပ်ကွက် လေဘာဆိပ်ရပ်၌ အိမ်ထောင်စုများ ရေဘေးရှောင်ရွေ့ပြောင်းနေထိုင်မှုအတွက် ချောက်မြို့နယ် ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှဆန်ရိက္ခာထောက်ပံ့ငွေပေးအပ်ခြင်းကိုယမန်နေ့ ညနေ ကပေးအပ်သည်။
ထန်းတပင်မြို့နယ်၌ မဲဆန္ဒရှင်စာရင်းကပ်ထားကြေညာထားရှိမှု အခြေအနေများအား မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု
Aug 06,2020
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေး အတွက် မဲဆန္ဒရှင်စာရင်းများကို
ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မလှိုင်မြို့နယ်အတွင်း မဲစာရင်းကြေညာထားမှု ကွင်းဆင်းကြည့်ရှု စစ်ဆေး
Aug 06,2020
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များ တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက မလှိုင်မြို့နယ်ကော်မရှင်ရုံးအစည်းဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
မိုင်းယောင်း၌ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်းလုပ်ငန်း ကွင်းဆင်းဆောင်ရွက်
Aug 06,2020
ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ်တွင် နိုင်ငံတော်၏ ကိုဗစ်-၁၉ စီးပွားရေး ကုစားမှု အစီအစဉ်ကို အထောက်အကူပြုစေရန်၊ တိုးပွားလာသော ရန်ပုံငွေများဖြင့် ကျေးရွာမှ ပိုင်ဆိုင်သော မတည်ရန်ပုံငွေထူထောင်၍ စဉ်ဆက်မပြတ် ငွေကြေးအရင်းအမြစ်ရရှိနိုင်စေရန်နှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုင်းလောင်မှိုင်းနှင့် ဝန်ထမ်းများသည် သြဂုတ် ၅ ရက်က ကျေးရွာများ၌ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်းလုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မိုးသည်းထန်စွာရွာသွန်း၍ ရွှေညောင်မြို့ ရပ်ကွက်အချို့တွင် ရေဝင်ရောက်နစ်မြုပ်မှု ကြုံတွေ့ခဲ့ရသည့် ပြည်သူ များအား ဆန်၊ဆီ၊ဆားရိက္ခာထုပ်များနှင့်ရေသန့်ဘူးများ ထောက်ပံ့
Aug 06,2020
မိုးသည်းထန်စွာရွာသွန်း၍ တောင်ကြီးမြို့နယ်ရွှေညောင်မြို့ရှိ တာယောချောင်းရေ မြင့်တက်၍ ရပ်ကွက် အချို့တွင် ရေဝင်ရောက်နစ်မြုပ်မှု ကြုံတွေ့ခဲ့ရသည့်ပြည်သူများအားရှမ်းပြည်နယ် ပြည်သူ လူထု စားနပ်ရိက္ခာ ထောက်ပံ့ရေးကော်မတီမှ ယမန်နေ့ မွန်းလွှဲ ၂ နာရီ အချိန်တွင် ဆန်၊ဆီ၊ဆားရိက္ခာထုပ်များနှင့်ရေသန့်ဗူးများ သွားရောက်ထောက်ပံ့လှူဒါန်းခဲ့ကြောင်းသိရသည်။
မိုင်းယောင်း၌ မီးဘေးသင့်အိမ်ထောင်စုအား ငွေသားနှင့် မိသားစုသုံးပစ္စည်းများ ထောက်ပံ့
Aug 06,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်၊ ဟောင်ကြန့်ကျေးရွာအုပ်စု၊ ပါဆတ် ကျေးရွာမှ မီးဘေးသင့်ခဲ့သည့် အိမ်ထောင်စုအား ထောက်ပံ့ငွေနှင့် မိသားစုသုံး ပစ္စည်းများကို ဩဂုတ်လ ၅ ရက်နေ့က သွားရောက်ထောက်ပံ့ပေးခဲ့သည်။
ရှမ်းပြည်နည်အစိုးရအဖွဲ့ဝင် ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ကျောက်မဲမြို့တွင် တည်ဆောက် နေသည့် Muti Purpose Shelter နှင့် မြေထိန်းနံရံတည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေး
Aug 06,2020
ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါက်တာအောင်သန်းမောင် သည် ယမန်နေ့နံနက် ၁၂ နာရီအချိန်က ကျောက်မဲမြို့၊ အမှတ် ၉ ရပ်ကွက် ၊ တိလင်ရပ်၊ လွယ်ခွန်တောင်တွင် တည်ဆောက်နေသည့် ဘက်စုံသုံး ဘေးဒဏ်ခံအဆောက်အဦး (Muti Purpose Shelter)နှင့် အမှတ် ၉ ရပ်ကွက် ၊ နယ်မြေ ၁၂ ၊ တိလင်ဘုန်းတော်ကြီးကျောင်းအနီးရှိ မြေထိန်းနံရံတည်ဆောက်နေမှုတို့အား ကွင်းဆင်း ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
နမ္မတူမြို့နယ်၊ မန်စံကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၏ Social Distancing နှင့်အညီ ပညာ သင်ကြားနေမှုအား ကွင်းဆင်းစစ်ဆေးပြီး လက်ဆေးဆပ်ပြာဆီ၊ ဆပ်ပြာခဲနှင့် Hand-gel များထောက်ပံ့ ပေးအပ်
Aug 06,2020
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ မန်စံကျေးရွာ အခြေခံပညာ အထက်တန်း ကျောင်း၏ Social Distancing နှင့်အညီ ပညာသင်ကြားနေမှုအား ကွင်းဆင်းစစ်ဆေးခြင်း၊ လက်ဆေး ဆပ်ပြာဆီ၊ ဆပ်ပြာခဲနှင့် Hand-gel များထောက်ပံ့ပေးအပ် ခြင်းကို ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။