ထန်းတပင်မြို့နယ်ကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များနှင့် မြို့နယ်ပြန်/ဆက်ဦးစီးဌာနတို့ ပူးပေါင်း၍ ရွေးကောက်ပွဲ ဆိုင်ရာ ပညာပေးစာစောင်များဖြန့်ဝေခြင်းနှင့်မဲစာရင်းသွားရောက်ကြည့်ရှုရန် လှုံဆော်ခြင်းများ ဆောင်ရွက်

ထန်းတပင် (ပဲခူး) ဩဂုတ်

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ထန်းတပင်မြို့နယ် မြို့နယ်ကော်မရှင်အဖွဲ့ခွဲနှင့် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေး ဦးစီးဌာန ဝန်ထမ်းများပူးပေါင်း၍ ၂၀၂၀ အထွေထွ ရွေကောက်ပွဲဆိုင်ရာ ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် မဲစာရင်းသွားရောက်ကြည့်ရှုရန် လှုံဆော် ခြင်းများကို ယနေ့ နံနက်ပိုင်းက ကျေးရွာအုပ်စု ()အုပ်စုတွင် ဆောင်ရွက်ခဲ့ကြသည်။

ထန်းတပင်မြို့နယ် ရွေးကောက်ပွဲကောက်မရှင်အဖွဲ့ခွဲ က္ကဋ္ဌ ဦးဝင်းဖေ၏ စီစဉ်မှုဖြင့့် မြို့နယ် ကော်မရှင် အဖွဲ့ခွဲအဖွဲ့ဝင် ဦးတင်အေး မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးစံသိန်းနှင့် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန ဦးစီးမှူး ဒေါ်သဇင်နှင့် ဝန်ထမ်းများသည် မဲဆန္ဒရှင်စာရင်းတွင် သင့်အမည်ပါဝင်ပါသလား လက်ကမ်းစာစောင် (၇၀၀)နှင့် မဲစာရင်းတွင်သင့်နာမည်ပါသလား ပိုစတာအကြီး (၂၈)ခု မကြာခဏမေးလေ့မေးထရှိသော မဲဆန္ဒရှင်စာရင်းဆိုင်ရာ မေးခွန်းနှင့်အဖြေများ ပိုစတာ()ခုတို့ကို ထန်းတပင်မြို့နယ်အတွင်းရှိ ဇလုပ်ကြီးကျေးရွာအုပ်စု ငါးဆီးလောင်ကျေးရွာအုပ်စု မြိစိုးကျေးရွာအုပ်စု ကြိမ်တောမြှောင်ကျေးရွာအုပ်စု မိုးကောင်းကျေးရွာအုပ်စု ကင်မွန်းချုံကျေးရွာအုပ်စု ဒါးဒေါက်ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများထံသို့ အခမဲ့ဖြန့်ဝေပေးခဲ့ပြီး မဲစာရင်းများသွားရောက် ကြည့်ရှုကြရန်နှင့် မဲစာရင်းတွင် အမည်မပါရှိခြင်း မှားယွင်းခြင်း များရှိပါက သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်စု ကော်မရှင် အဖွဲ့ထံ အချိန်မီ အကြောင်းကြားကြရန် ပညာပေး လှုံဆော်ခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

သန်းထွန်း (ပြန်/ဆက်)