ဗန်းမောက်မြို့၌ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း (VRFP) ဆောင်ရွက်ရန် ငွေကျပ်သိန်း ၂၁၀၀ ပေးအပ်
Aug 06,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ အကောင်းအထည်ဖော် ဆောင်ရွက်လျက်ရှိသော ကိုဗစ်-၁၉ စီးပွားရေး ကုစားမှုအစီအစဉ် အရ ကျေးလက်ဒေသနေ မိသားစုများ ဝင်ငွေလျော့နည်းလာမှုနှင့် စားဝတ်နေရေး အခက်အခဲများကို ကုစားပေးနိုင်ရန်အတွက် ကျေးရွာမတည် ရန်ပုံငွေစီမံကိန်း ဆောင်ရွက်မည့် ကျေးရွာ ၉ ရွာအတွက် ရန်ပုံငွေကျပ်သိန်း ၂၁၀၀ ကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခမ်းမတွင် ယမန်နေ့ မွန်းလွဲ ၂ နာရီက လွှဲပြောင်းပေးအပ်ခဲ့သည်။