သတင်းများ

တနင်္သာရီမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပဝချောင်း၌ ရေမြင့်တက်လာသဖြင့် သာယာကုန်းရွာအတွင်း ရေစတင်ဝင်ရောက်
Aug 06,2020
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့၏ အနောက်တောင်ဘက် (၁၂) မိုင်ခန့်အကွာ တနင်္သာရီမြစ်အတွင်း စီးဝင်သည့် ပဝကျေးရွာအုပ်စု-ပဝချောင်း ကမ်းနံဘေးရှိ ပဝကျေးရွာအုပ်စု-
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် လေးအိမ်ကျေးရွာသို့ ကိုဗစ်-၁၉ကာကွယ်ရေးသုံးပစ္စည်းများလှူဒါန်း
Aug 06,2020
နတ်မောက်မြို့နယ် လေးအိမ်ကျေးရွာ အထက်တန်းကျောင်း(ခွဲ)သို့ ယမန်နေ့ နေ့လယ်(၁၂)နာရီ က မြို့နယ် ရင်ခွင်မဲ့ ကလေးငယ်များလျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်းမှ ကိုဗစ်-၁၉ ကာကွယ်ရေးသုံးပစ္စည်းများ သွားရောက်လှူဒါန်းပေးခဲ့ကြောင်းသိရသည်။
ချောက်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲ‌အတွက် မဲရုံမှူး၊ ဒု-မဲရုံးမှူး နှင့် အဖွဲ့၀င်များခန့်အပ်နှံရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Aug 06,2020
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ချောက်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲ‌အတွက် မဲရုံမှူး၊ ဒု-မဲရုံး မှူးနှင့်အဖွဲ့၀င်များခန့်အပ်နှံရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့‌ နေ့လယ် (၂) နာရီခွဲက မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
ပုလောမြို့နယ် ပလမြို့ အမှတ် (၃) ရပ်ကွက် သဘာ၀ဘေးသင့်နေအိမ်တစ်လုံးအား ငွေနှင့်အိမ်ဆောက်ပစ္စည်းများ ထောက်ပံ့ပေးအပ်
Aug 06,2020
ပုလောမြို့နယ်၊ ပလမြို့ အမှတ် (၃) ရပ်ကွက်တွင် သြဂုတ်လ ၄ ရက်နေ့က ဖြစ်ပွားခဲ့သည့် မိုးသည်းထန်စွာရွာသွန်း၍ လေပြင်းတိုက်ခတ်မှု ကြောင့် သဘာ၀ဘေးသင့်ခဲ့သော
မင်းဘူး(စကု)မြို့နယ်တွင် မြစ်ရေဝင်ရောက်မှုကြောင့် ပြောင်းရွှေ့လာသော ကျေးရွာများမှ နွားများကို ပေါင်ပုတ်လက်ပုတ်ရောဂါ ကြိုတင်ကာကွယ်ဆေးထိုးနှံပေး
Aug 06,2020
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်တွင် ဧရာဝတီမြစ်ရေ ဝင်ရောက်မှုကြောင့် ပြောင်းရွှေ့လာသော ကျေးရွာများမှ နွားများကို ပေါင်ပုတ်လက်ပုတ် ရောဂါ ကြိုတင်ကာကွယ်ဆေးများကို ရေဘေးရှောင် ကယ်ဆယ်ရေး စခန်းများသို့ ယမန်နေ့ မွန်းလွဲပိုင်းက သွားရောက်ထိုးနှံပေးခဲ့ကြောင်း မြို့နယ်တိရစ္ဆာန်မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှ သိရသည်။
မြောင်းမြမြို့နယ်အတွင်းရှိ ကျေးရွာ(၃) ရွာသို့ VRFP ရန်ပုံငွေများ လွှဲပြောင်းပေးအပ်
Aug 06,2020
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်အတွင်းရှိ (Village Revolving Fund Project-VRFP) စီမံကိန်းဆောင်ရွက်မည့် ကျေးရွာ(၃)ရွာသို့ ရန်ပုံငွေများ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းတွင် မြောင်းမြခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
မိုင်းယောင်းမြို့နယ် မိုးလုံလေလုံအားကစားရုံ Facility Quarantine Center တွင် နေရပ်ပြန်လေးဦး စောင့်ကြပ်ထားရှိ
Aug 06,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ထိုင်းနိုင်ငံမှ ပြန်လည် ဝင်ရောက် လာသည့် နေရပ်ပြန် လေးဦးကို ဩဂုတ်လ ၅ ရက်နေ့ ညနေပိုင်းက မြို့နယ်မိုးလုံလေလုံအားကစားရုံ Facility Quarantine Center ၌ အသွားအလာကန့်သတ်ကာလ ၂၁ ရက် စောင့်ကြပ်ကြည့်ရှုထားရှိကြောင်း သိရသည်။