သတင်းများ

ငါန်းဇွန်မြို့နယ်၊ ပေါက်စိမ်းကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း (ခွဲ) ၌ စာသင်ကျောင်းဆောင်သစ် ရာနှုန်းပြည့်တည်ဆောက်ပြီးစီးမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေး
Aug 10,2020
မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ ပေါက်စိမ်းကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း (ခွဲ) တွင် စာသင်ကျောင်းဆောင်သစ် ရာနှုန်းပြည့် တည်ဆောက်ပြီးစီးမှုအား ယမန်နေ့ နံနက် ၁၁ နာရီက လွှတ်တော်ကိုယ်စားလှယ်များနှင့်အတူ တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
တောင်ဥက္ကလာပမြို့နယ် အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းသို့  နှာခေါင်းစည်း(Mask)များလှူဒါန်း
Aug 10,2020
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေး နှင့်  အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ နှာခေါင်းစည်း(Mask)များကို အမှတ်(၃)အခြေခံပညာ အထက်တန်း ကျောင်းရှိ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများအား ယနေ့နံနက် (၁၀)နာရီ အချိန်က လှူဒါန်းခဲ့ကြောင်းသိရသည်။
မြို့သစ်မြို့တွင် CERP အစီအစဉ်အရ မိုးစပါး မျိုးသန့်မျိုးစေ့ထုတ်ခြင်း စိုက်ပျိုးဆောင်ရွက်
Aug 10,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ မြို့သစ်မြို့တွင် စိုက်ပျိုးရေးဦးစီးဌာန၏ ၂၀၂၀-ပြည့်နှစ်၊ ကိုဗစ်-၁၉ စီးပွားရေးထိခိုက်မှုအ‌ပေါ် ကုစားရေးအစီအစဉ်အရ (CERP) ဖြင့် မိုးစပါး မျိုးသန့်မျိုးစေ့ထုတ် အစီအမံများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီးအတွင်း ယခုနှစ်တွင် စပါးမျိုးစေ့ထုတ် ဧက ၂ ဆနီးပါး မြင့်တက်လာ
Aug 10,2020
မန္တလေးတိုင်းဒေသကြီးအတွင်း ယခုနှစ်တွင် စပါးမျိုးစေ့ထုတ်ဧက ၂ ဆ နီးပါးမြင့်တက်လာကြောင်း မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
တန့်ယန်းမြို့နယ်တွင် ၂၀၁၉-၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်တန်း အောင်မြင်သူ(၁၄၁)ဦးရှိ
Aug 10,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် မတ်လအတွင်း ကျင်းပခဲ့သည့် တက္ကသိုလ်ဝင်တန်း စာမေးပွဲကြီး၏ အောင်စာရင်းကို ယမန်နေ့ နံနက်က ထုတ်ပြန်ကြေငြာခဲ့ရာ တန့်ယန်းမြို့နယ်၌ အောင်မြင်သူ စုစုပေါင်း ( ၁၄၁ )ဦး ရှိကြောင်း သိရသည်။
ရေတာရှည်မြို့နယ်တွင် တောင်ငူခရိုင် (၆)မြို့နယ် တောင်သူဖွံ့ဖြိုးတိုးတက်ရေး သင်တန်းဖွင့်လှစ်
Aug 10,2020
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီးအတွင်း အကျိုးဆောင် တောင်သူများ တက်ရောက်သည့် တောင်သူဖွံ့ဖြိုးတိုးတက်ရေး သင်တန်း အပတ်စဉ် (၁၄) Contact Farmar Training (TOT)ဖွင့်ပွဲ အခမ်းအနားအား ယနေ့ နံနက် ၉ နာရီအချိန်က ရေတာရှည်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ကိုကိုးကျွန်းမြို့နယ်တွင် ဓားမဦးချလုပ်ကိုင်ခဲ့သော မြေယာများအတွက် နစ်နာကြေးပေးအပ်
Aug 10,2020
ကိုကိုးကျွန်းမြို့နယ်အတွင်း ၂၄နာရီ လျှပ်စစ်မီးရရှိစေရန်အတွက် ဆိုလာစနစ်ဖြင့် ဓာတ်အားပေး စက်ရုံတည်ဆောက်နိုင်ရန်အတွက် 
ကသာခရိုင်၊ ဗန်းမောက်မြို့နယ်တွင် မြစိမ်းရောင်အတိုးရငွေဖြင့် ဆောင်ရွက်သည့် အလယ်ရွာကျေးရွာ လျှပ်စစ်မီးရရှိ
Aug 10,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်တွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ လျှပ်စစ်ဓါတ်အားရရှိရေးအတွက် လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ အလယ်ရွာကျေးရွာ၌ မြစိမ်းရောင်အတိုးရငွေဖြင့် ဆောင်ရွက်သည့် လျှပ်စစ်မီးဖွင့်ပွဲကို ယမန်နေ့ ညနေ ၆ နာရီက အဆိုပါကျေးရွာ မုခ်ဦး‌ရှေ့တွင် ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။