သတင်းများ

ခမောက်ကြီးမြို့တွင် ကော့သောင်းခရိုင်နှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတို့ ကွင်းဆင်းစစ်ဆေးခြင်းနှင့် လက်ကမ်းစာစောင်နှင့်ပိုစတာများ ပြည်သူများလက်ဝယ်အရောက်ဖြန့်ဝေ
Aug 10,2020
ကော့သောင်းခရိုင်နှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့၊ အမှတ် (၁) ရပ်ကွက်ရှိ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး၌ ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များနှင့်တွေ့ဆုံကာ လုပ်ငန်းဆောင်ရွက်ထားမှုအခြေအနေများအား ကွင်းဆင်းစစ်ဆေးခြင်းနှင့် လက်ကမ်းစာစောင်နှင့်ပိုစတာများ ပြည်သူများလက်ဝယ်အရောက် ဖြန့်ဝေဆောင်ရွက်ပေးခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ကြောင်း သိရသည်။
လားရှိုးမြို့၌ ၁၃၈၂ခုနှစ် ပြည်သူများနှင့်ဌာနဆိုင်ရာများ စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ ကျင်းပ
Aug 10,2020
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ ရန်တိုင်းအောင်မြို့ဦးစေတီတော်၌ ယနေ့ နံနက်(၉)နာရီအချိန်က ၁၃၈၂ ခုနှစ် ပြည်သူများနှင့် ဌာနဆိုင်ရာများ စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန Coronavirus Disease 2019 (COVID-19)ကူးစက်ရောဂါကာကွယ်တားဆီးထိန်းချုပ်ရေး ဆိုင်ရာ အမိန့်ညွှန်ကြားချက်များနှင့်အညီ ကျင်းပခဲ့ကြောင်း သိရှိရသည်။
ငပုတောမြို့နယ်အတွင်းရှိ ကျေးရွာသုံးရွာအား VRFP ရန်ပုံငွေ သိန်း ၉၀၀ လွှဲပြောင်းပေးအပ်
Aug 10,2020
ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့ နယ်အတွင်းရှိ (Village Revolving Fund Project- VRFP) ဖြင့် ဆောင်ရွက်မည့် ကျေးရွာသုံးရွာ အတွက် ရန်ပုံငွေ သိန်း ၉၀၀ လွှဲပြောင်းပေးအပ်ပွဲကို ယနေ့နံနက် ၁၀ နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်တွင် နိုင်ငံသားစိစစ်ရေးကတ်ပြားများကွင်းဆင်း‌ဆောင်ရွက်ပေး
Aug 10,2020
ကျိုက်ထိုမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ် ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ဒေသခံ ပြည်သူ များအား သစ္စာစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား များကို ဩဂုတ် (၉)ရက်နံနက်ပိုင်းက မရမ်းချောင် ကျေးရွာသို့ ကွင်းဆင်း ဆောင်ရွက်‌ပေးခဲ့သည်။
တနိုင်းမြို့နယ်၌ မဲဆန္ဒရှင်စာရင်းများ ခုနစ်ရက်တိုးမြှင့် ကပ်ထားကြေညာ
Aug 10,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ အထွေထွေ ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းများကို သတ်မှတ်ပုံစံအတိုင်း သက်ဆိုင်ရာ ရပ်ကွက်နှင့် ကျေးရွာအုပ်စုများ၌ ပြည်သူများ လာရောက်ကြည့်ရှုနိုင်ရေး ပထမအကြိမ်အဖြစ် ဇူလိုင်လ ၂၅ ရက်နေ့မှ ဩဂုတ်လ (၇) ရက်နေ့အထိ ကပ်ထားကြေညာထားလျက်ရှိရာ ဩဂုတ်လ (၈) ရက်မှ (၁၄) ရက်နေ့အထိ နောက်ထပ်ခုနစ်ရက် ထပ်မံတိုးမြှင့် ကပ်ထားကြေညာထားကြောင်း သိရသည်။
ခရမ်းမြို့နယ်တွင် ကျေးရွာမီးလင်းရေး‌ ဆောင်ရွက်နေမှုများနှင့် လိုအပ်ချက်များအား ကွင်းဆင်းစစ်ဆေး
Aug 10,2020
ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်၊‌ မောင်းမကျေးရွာအုပ်စု မောင်းကွဲကျေးရွာတွင် ဆောင်ရွက်လျက်ရှိသည့် ကျေးရွာမီးလင်းရေးဆောင်ရွက်နေမှုနှင့် မီးလင်းရေး တင်ပြ ထားသည့် ကွင်းတဲစုများအား မြို့နယ်လွှတ်တော်ကိုယ်စားလှယ်နှင့် ဌာနတာဝန်ရှိသူများက ယမန်နေ့ နေလယ်က ကွင်းဆင်း ကြည့်ရှု စစ်ဆေးခဲ့ကြသည်။
ချီဖွေ၌ ၂၀၂၀ပြည့်နှစ်၊ တက္ကသိုလ်ဝင်တန်း အောင်မြင်မှုရာခိုင်နှုန်း ၂၀.၆၂ ရာခိုင်နှုန်းရှိပြီး ဂုဏ်ထူးရကျောင်းသားဦးရေ(၉)ဦးရှိ
Aug 10,2020
၂၀၂၀ပြည့်နှစ် တက္ကသိုလ်ဝင်တန်း အောင်စာရင်းများကို နိုင်ငံတစ်ဝှမ်း၏ ထုတ်ပြန်ကြေငြာ ချက်အရ ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ်၏ ၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်တန်း အောင်စာရင်းများကို အချိန်နှင့်တပြေးညီ ထုတ်ပြန်ကြေငြာခဲ့ပြီး ယနေ့ နံနက် (၉)နာရီ အချိန်မှစ၍ ချီဖွေ အ.ထ.က ကျောင်း၌ Social Distancing နှင့်အညီ ကြေညာထားကြောင်း သိရှိရသည်။
ဖာပွန်မြို့တွင် ၂၀၂၀-၂၀၂၁ ပညာသင်နှစ် စတုတ္ထတန်းသင်ရိုးသစ် မြို့နယ်အဆင့် (နောက်ဆက်တွဲ) သင်တန်း ဖွင့်လှစ်ပို့ချ
Aug 10,2020
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဖာပွန်မြို့တွင် ၂၀၂၀-၂၀၂၁ ပညာသင်နှစ်၊ စတုတ္ထတန်းသင်ရိုးသစ် မြို့နယ်အဆင့် (နောက်ဆက်တွဲ) သင်တန်းကို ယနေ့နံနက် (၉) နာရီ အချိန်မှစတင်၍ ဖာပွန်မြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ သင်ကြားပို့ချလျှက်ရှိကြောင်း သိရှိရသည်။