တန့်ယန်း သြဂုတ် ၁၀
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် မတ်လအတွင်း ကျင်းပခဲ့သည့် တက္ကသိုလ်ဝင်တန်း စာမေးပွဲကြီး၏ အောင်စာရင်းကို ယမန်နေ့ နံနက်က ထုတ်ပြန်ကြေငြာခဲ့ရာ တန့်ယန်းမြို့နယ်၌ အောင်မြင်သူ စုစုပေါင်း ( ၁၄၁ )ဦး ရှိကြောင်း သိရသည်။
၂၀၂၀ ပြည့်နှစ် မတ်လအတွင်း ကျင်းပခဲ့သည့် တက္ကသိုလ်ဝင်တန်း စာမေးပွဲကြီးတွင် အတွဲ(၁) (၂၄၁)ဦး၊ အတွဲ(၂) (၆)ဦး၊ အတွဲ(၅) (၁)ဦး၊ အတွဲ(၇) (၂၁၂)ဦး စုစုပေါင်း (၄၆၀)ဦး ဝင်ရောက်ဖြေဆိုရာ စုစုပေါင်း (၁၄၁)ဦး အောင်မြင်ခဲ့ပြီး သုံးဘာသာဂုဏ်ထူးရှင် (၃)ဦး နှစ်ဘာသာဂုဏ်ထူးရှင် (၂)ဦး၊ တစ်ဘာသာဂုဏ်ထူးရှင် (၃၂)ဦး ထွက်ပေါ်ခဲ့ကြောင်း သိရသည်။
မင်းလွင်ဦး(ပြန်/ဆက်)