တောင်ဥက္ကလာပမြို့နယ် အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းသို့  နှာခေါင်းစည်း(Mask)များလှူဒါန်း

ရန်ကုန်       ဩဂုတ်      ၁၀

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေး နှင့်  အရေးပေါ် တုံ့ပြန်ရေး ကော်မတီမှ နှာခေါင်းစည်း(Mask)များကို အမှတ်(၃)အခြေခံပညာ အထက်တန်း ကျောင်းရှိ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများအား ယနေ့နံနက် (၁၀)နာရီ အချိန်က လှူဒါန်းခဲ့ကြောင်းသိရသည်။

တောင်ဥက္ကလာပမြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့်  အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ် အုပ်ချုပ်ရေးမှုး ဦးငြိမ်းချမ်းအောင်နှင့် တာဝန်ရှိသူများမှ COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန် အတွက် ပြန်လည် လျှော်ဖွတ် အသုံးပြုနိုင်သော နှာခေါင်းစည်း (Mask)များကို မြို့နယ်အတွင်းရှိ အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်းသို့ သွားရောက် လှူဒါန်းခဲ့သည်။

အဆိုပါ လှူဒါန်းသောနှာခေါင်းစည်း(Mask)များကို အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းမှ  ကျောင်းအုပ် ဆရာမကြီးက လက်ခံရယူခဲ့ပြီး ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများအသုံးပြုရန် ဆက်လက်ဖြန့် ဝေပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ဝင်းထက်ထက်အောင်