Mental Health and Psychosocial Support (MHPSS) Framework and Roadmap အလုပ်ရုံဆွေးနွေးပွဲဖွင့်ပွဲကျင်းပ

ရန်ကုန်  ဖေဖော်ဝါရီ ၁၆

မြန်မာနိုင်ငံကြက်ခြေနီအသင်းရှေးဦးပြုစုခြင်းနှင့် အန္တရာယ်ကင်းရှင်းရေးဌာနနှင့် ဒိန်းမတ်နိုင်ငံ ကြက်ခြေနီအသင်း တို့ပူးပေါင်းပြုလုပ်သော Mental Health and Psychosocial Support (MHPSS) Framework and Roadmap အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ရန်ကုန်မြို့ရှိ Central Hotel တွင်ကျင်းပရာအသင်းဥက္ကဋ္ဌ ပါမောက္ခဒေါက်တာမျိုးညွန့် တက်ရောက် အမှာစကား ပြောကြားခဲ့သည်။

ဆက်လက်၍ ဒိန်းမတ်နိုင်ငံကြက်ခြေနီအသင်းမှ Country Manager Mr. Fabio Beltramini နှင့် MHPSS Advisor Ms.Patricia တို့က နှုတ်ခွန်းဆက်စကား ပြောကြားခဲ့သည်။

အခမ်းအနားသို့အသင်းဥက္ကဋ္ဌနှင့်အတူ ဒုတိယဥက္ကဋ္ဌ ဒေါက်တာဒေါ်တင်တင်လေး၊ အချိန်ပြည့်/ အချိန်ပိုင်းအလုပ်အမှုဆောင်များ၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌများ၊ နေပြည်တော်ကြက်ခြေနီကြီးကြီးကြပ်မှုကော်မတီနှင့် ရှမ်းပြည်နယ် (တောင်ပိုင်း) ကြက်ခြေနီကြီးကြပ်မှုကော်မတီတို့မှ ကော်မတီဝင်များ၊ အသင်းဌာနချုပ် ဒုတိယအထွေထွေအတွင်းရေးမှူး၊ လက်ထောက်အထွေထွေအတွင်းရေးမှူးနှင့် ညွှန်ကြားရေးမှူးများ၊ ဌာနမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ၊  အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့် လခြမ်းနီအသင်းများဖက်ဒရေးရှင်း၊ အပြည်ပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီမှ တာဝန်ရှိသူများ ဒိန်းမတ်နိုင်ငံကြက်ခြေနီအသင်းနှင့် ဆွီဒင်နိုင်ငံကြက်ခြေနီအသင်းတို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

အောင်မြင့်(ပြန်/ဆက်)