ကျိုက်လတ်မြို့နယ်ရုံး Community Centre ၌ စာဖတ်ဝိုင်းကျင်းပ

ကျိုက်လတ် ဇူလိုင် ၁
 
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန Community Centre ခန်းမ၌ Book Club အဖွဲ့နှင့် ပူးပေါင်း၍ ယနေ့နေ့လယ် (၁) နာရီက စာရေးဆရာချစ်ဦးညို ရေးသားသော ''တိုးတက်ခြင်း ၊ ဆုတ်ယုတ်ခြင်း နှင့် ယဉ်ကျေးမှု မျက်နှာစာ'' စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပခဲ့သည်။
အဆိုပါစာဖတ်ဝိုင်းတွင် မြို့နယ်ဦးစီးမှူးဒေါ်ရီရီမြင့် က စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး စာရေးဆရာ ချစ်ဦးညို ရေးသားသော ''တိုးတက်ခြင်း ၊ ဆုတ်ယုတ်ခြင်း နှင့် ယဉ်ကျေးမှုမျက်နှာစာ''စာအုပ်အား Book Club အဖွဲ့ဝင်ဒေါ်သန်းသန်းအေး က ယဉ်ကျေးမှုလို့ သုံးတိုင်း ပြောတိုင်း၊ ကျွန်ုပ်တို့အထူးနှလုံးသွင်းရမှာက အသိဉာဏ်ပညာဆိုတဲ့စကားလုံးဖြစ်ကြောင်း ၊ အသိဉာဏ်ပညာ တိုးတက်ခြင်း ၊ ဖွံ့ဖြိုးခြင်း ၊ မြင့်မားခြင်းဖြစ်စေရန် ကျွန်ုပ်တို့ စိတ်ဓာတ်ပိုင်းဆိုင်ရာ အခြေအနေများကို မြင်အောင်ခွဲခြားသိကြရမည် ဖြစ်ကြောင်းကို လည်းကောင်း ၊ အဖွဲ့ဝင်ဒေါ်ယဉ်လှ က ခေတ်အလျောက် တိုးတက်လာတဲ့ ရုပ်ဝတ္ထုပစ္စည်းတွေ ၊ နည်းပညာတွေ ရောနှောကူးယှက်မှုတွေ တိုးတက်ကျယ်ပြန့်လာသည်နှင့်အမျှ စိတ်ဓာတ် ၊ ကိုယ်ကျင့်တရားနဲ့ အသိဉာဏ်ပညာတွေ အချိုးညီ လိုက်ပါမလာဘူးဆိုရင် အဲဒါ ဆုတ်ယုတ်ခြင်း ဖြစ်ကြောင်း ၊ အချိုးညီလိုက်ပါလာတယ်ဆိုရင် အဲဒါ တိုးတက်ခြင်း ဖြစ်ကြောင်း တို့ကို ဆွေးနွေးခဲ့ပြီး တက်ရောက်လာကြသည့် အဖွဲ့ဝင်များ က စာအုပ်ပါ အကြောင်းအရာများ ကို အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်းသိရသည်။
ရီရီမြင့်