သတင်းများ

မိုးနဲမြို့နယ်၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ဆိုင်ကယ်ပြုပြင်သင်တန်းဆင်းပွဲကျင်းပ
Feb 28,2020
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ မိုးနဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကျေးလက်နေလူငယ်များ အသက်မွေးဝမ်းကျောင်းမှု အထောက်အကူဖြစ်စေရန် နည်းပညာနှင့် အတတ်ပညာများရရှိပြီး တစ်ဦးချင်း၀င်ငွေတိုးပွား၍ အလုပ်အကိုင်အခွင့်အလမ်း ရရှိစေရန်အတွက် ဆိုင်ကယ်ပြင်သင်တန်းကို ဖေဖော်ဝါရီ ၁၀ ရက်က ဖွင့်လှစ်ခဲ့ပြီး သင်တန်းဆင်းပွဲကို ယနေ့ နံနက် ၁၀ နာရီတွင် အဆိုပါရုံး သင်တန်းခန်းမ၌ ကျင်းပခဲ့သည်။
သရက်မြို့၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအသိပညာပေး ပြည်သူ့စကားဝိုင်းကျင်းပ
Feb 28,2020
မကွေးတိုင်းဒေသကြီး သရက်မြို့၌ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် ကလေးသူငယ် အခွင့်အရေးများ ဆိုင်ရာဥပဒေ အသိပညာပေး ပြည်သူ့စကားဝိုင်းကို ယနေ့နံနက်(၁၀)နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်ကျေးရွာ စာရေးဝန်ထမ်းများ တက်ရောက်ကြသည်။
ငဖဲမြို့နယ်၌ ပန်ဖူးစားပြောင်းစိုက်ပျိုးတောင်သူများ ဝင်ငွေကောင်းလျက်ရှိ
Feb 28,2020
မင်းဘူးခရိုင်၊ ငဖဲမြို့နယ် မြို့မရပ်ကွက် မန်းချောင်းနံဘေး မြို့အရှေ့ဘက် ကိုင်းမြေများတွင် မြေအောက်ရေဖြင့် ပန်ဖူးစားပြောင်းစိုက်ခင်းများ ရာသီမရွေးစိုက်ပျိုးနိုင်၍ တောင်သူများ အဆင်ပြေလျက်ရှိကြောင်းသိရသည်။
ဌာဆိုင်ရာများ သိသင့်သည့် စားသုံးသူကာကွယ်ရေး ဥပဒေအကြောင်း သိကောင်းစရာများ ဆွေးနွေး ဟောပြောပွဲ ကျင်းပ
Feb 28,2020
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်း၍ ဌာဆိုင်ရာများ သိသင့်သည့် စားသုံးသူကာကွယ်ရေး ဥပဒေအကြောင်း သိကောင်းစရာများ ဆွေးနွေး ဟောပြောပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနရုံးရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအသိပညာပေးဟောပြောပွဲ ကျင်းပ
Feb 28,2020
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှိ စည်သူခန်းမ၌ မြို့နယ်အဆင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအသိ ပညာပေးဟောပြောပွဲကို ယနေ့နံနက် ၈ နာရီက ကျင်းပခဲ့သည်။
အမှိုက်သိမ်းဆည်းရေးလုပ်ငန်းများ ပိုမိုကောင်းမွန်နိုင်ရေးဆွေးနွေး
Feb 28,2020
စည်ပင်သာယာရေးအဖွဲ့နှင့် လောကအလင်းတို့ပူးပေါင်း၍ ဖလမ်းမြို့တွင်း အမှိုက်သိမ်းဆည်း ရေးလုပ်ငန်းများ ပိုမိုကောင်းမွန်နိုင်ရေး ဖလမ်းမြို့၊ ဖါရ်ထောက်ရပ်ကွက်နေ ဒေသခံပြည်သူ များနှင့် တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့နံနက် (၁၀) နာရီက ဖလမ်းမြို့ မြို့နယ်ခန်းမ၌ ပြုလုပ် သည်။
တန့်ဆည်မြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး၊ စာအုပ်ဈေးရောင်းပွဲတော်ကျင်းပ
Feb 28,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ တန့်ဆည်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနနှင့် စာအုပ်စာပေချစ်မြတ်နိုးသူများအဖွဲ့တို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး ကလေးစာပေ ပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲတော်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်က တန့်ဆည်မြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးဘေး၌ ကျင်းပသည်။
ဒေးဒရဲမြို့နယ် အရန်မီးသတ်လေ့ကျင့်ရေး(မွမ်းမံ) သင်တန်းဆင်းပွဲ ကျင်းပ
Feb 28,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် အရန်မီးသတ်လေ့ကျင့်ရေး(မွမ်းမံ) သင်တန်း (၁/၂၀၂၀) ဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီက မြို့နယ်ဘောလုံးကွင်း ဟောင်းနေရာ၌ ကျင်းပခဲ့သည်။