ချင်းပြည်နယ်လူမှုဝန်ထမ်းရုံး အဆောက်အဦသစ်ဖွင့်ပွဲ အခမ်းအနားကျင်းပ
Feb 28,2020
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ချင်းပြည်နယ် လူမှုဝန်ထမ်းရုံး အဆောက်အဦသစ်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲက ချင်းပြည်နယ် ဟားခါးမြို့ ဗိုလ်ချုပ်လမ်းစျေးသစ်ရပ်ကွက်ရှိ အဆိုပါ ရုံးအဆောက်အဦသစ်ရှေ့၌ ကျင်းပပြုလုပ်ရာ ရှေးဦးစွာ အဆောက်အဦသစ်အား ချင်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ် စိုက်ပျိုးရေး ၊ မွေးမြူရေး ၊ သစ်တောနှင့်သတ္တု ဝန်ကြီး ဦးမာန်ဟင်းဒါလ် ၊ ပြည်နယ်လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန်၊ လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် (စီမံဘဏ္ဍာ) ဦးအောင်ကျော်မိုးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီးနောက် အဆောက်အဦသစ် ကမ္ဗည်းမော်ကွန်းအား အမွှေးနံ့သာရည်များ ပက်ဖျန်းခဲ့ကြသည်။