သတင်းများ

နမ့်ဆန်၌ ကိုရိုနာဗိုင်းရပ်စ် ကြိုတင်ကာကွယ်ရေးလုပ်ငန်း ဆက်လက်ဆောင်ရွက်
Mar 06,2020
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်၌ COVID-19 ကိုရိုနာဗိုင်းရပ်စ် ကြိုတင် ကာကွယ်ရေး လုပ်ငန်းကော်မတီအဖွဲ့များတို့က ခရီးဝေးမှ ရောက်ရှိလာသည့် ခရီးသည်များအား စောင့်ကြည့် စစ်ဆေးခြင်း လုပ်ငန်းများအား ယမန်နေ့ညနေ (၅)နာရီခွဲအထိ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ရှားတောမြို့၌ ရွှေ့ပြောင်းတောင်ယာစနစ် စိုက်ပျိုးမှု လျော့နည်းပပျောက်ရေး တောင်သူပညာပေး ဆွေးနွေးပွဲကျင်းပ
Mar 06,2020
ကယားပြည်နယ်၊ ရှားတောမြို့နယ် စုပေါင်းရုံးခန်းမ၌ သဘာဝသစ်တော သယံဇာတ ပြုန်းတီးမှု လျော့နည်းစေရန်နှင့် ဒေသရေမြေနှင့် လိုက်လျောညီထွေသည့် ရာသီဉတုရရှိစေရန် ရည်ရွယ်၍ ရွှေ့ပြောင်းတောင်ယာစနစ် စိုက်ပျိုးမှု လျော့နည်းပပျောက်ရေး တောင်သူပညာပေး ဆွေးနွေးပွဲကို ယမန်နေ့နံနက်(၉)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
မီးဘေးသင့် အိမ်ထောင်စုများအား ကြက်ခြေနီမှ ကူညီ​ထောက်ပံ့
Mar 06,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ မိုင်းပန်လယ်ကျေးရွာအုပ်စု ရွှေညောင်ပင်ရွာတွင် ယမန်နေ့ နံနက် ၆ နာရီက ဆိုလာမီး အပူလွန်ကဲမှုကြောင့် မီးလောင်မှုဖြစ်ပွားခဲ့ရာ နေအိမ်နှစ်လုံး ပျက်စီးဆုံးရှုံးခဲ့သည်။
ပဉ္စမအကြိမ်မြောက် ဓနုတိုင်းရင်းသားများ ဆုံဆည်းရာနေ့ပွဲတော် အခမ်းအနား အင်တောမြို့၌ စည်းကား သိုက်မြိုက်စွာ ကျင်းပ
Mar 05,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ် ဓနုတိုင်းရင်းသားများအဖွဲ့ချုပ်မှ ကြီးမှူး ကျင်းပသော ပဉ္စမအကြိမ် မြောက် ဓနုတိုင်းရင်းသားများ ဆုံဆည်းရာနေ့ပွဲတော် အခမ်းအနားကို ယနေ့ ၉ နာရီက အင်တောမြို့ ရန်အောင်မြေ ဘုန်းတော်ကြီးကျောင်းဝန်း အတွင်း၌ ကျင်းပပြုလုပ်သည်။
ချင်းပြည်နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီ(၁/၂၀၂၀)အစည်းအဝေး ဟားခါး၌ ကျင်းပ
Mar 05,2020
ချင်းပြည်နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီ (၁/၂၀၂၀)အစည်းအဝေးကို ယနေ့ နံနက် ၉ နာရီက ဟားခါးမြို့ ပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းဝေးခန်းမ၌ ကျင်းပသည်။
ဟိုပုံးမြို့၌ ကျေးရွာ စွန့်ပစ်အမှိုက် စီမံခန့်ခွဲမှုစနစ်အား အကောင်ထည်ဖော် ဆောင်ရွက်ခဲ့သည့် ကျေးရွာ(၉)ရွာအား ဂုဏ်ပြု မှတ်တမ်းလွှာ ပေးအပ်
Mar 05,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဟိုပုံးမြို့တွင် ကျေးရွာစွန့်ပစ် အမှိုက်စီမံခန့်ခွဲမှုစနစ်အား အကောင်ထည် ဖော်ဆောင်ရွက်ခဲ့သည့် ကျေးရွာ(၉)ရွာအား ဂုဏ်ပြု မှတ်တမ်းလွှာ ပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက်(၁၁)နာရီ တွင် မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
မြို့သစ်မြို့နယ်တွင်း ရေရှားပါးသော နေရာများသို့ သောက်သုံးရေများသွားရောက်လှူဒါန်း
Mar 05,2020
မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင် နှစ်စဉ်သောက်သုံးရေ အလွန်ခက်ခဲသော ကျေးရွာအုပ်စုများ အတွင်းရှိသော တဲတိုက်များတွင် နှစ်စဉ်အမြဲလိုလို သောက်သုံးရေများ ရှားပါးမှုများဖြင့် ကြုံတွေ့ရသည့်အတွက် မြို့သစ်မြို့ မြို့နယ်အုပ်ချုပ်ရေးမှူး၏ စေတနာထားလုပ်ကိုင်ဆောင်ရွက်သည့် လုပ်ငန်းများအပေါ်တွင် မြို့နယ်အတွင်းရှိ အလှူရှင်များ ထွက်ပေါ်လာသည့်အတွက် ယမန်နေ့ နံနက်ပိုင်းက လဲလူကျေးရွာအတွင်းရှိ တဲတိုက်များနှင့် တယ်ပင်စမ်းကျေးရွာအတွင်းရှိ တဲတိုက်များသို့ သောက်သုံးရေများ သွားရောက်လှူဒါန်းလျက်ရှိပါသည်။
တရုတ်နိုင်ငံသံရုံးမှ ကျွန်းစုမြို့နယ် ပထက်ကျေးရွာ အထကကျောင်းသို့ ကွန်ပျူတာများ၊ သုတရသစာအုပ်များ၊ ဗလာစာအုပ်များနှင့် စာရေးကိရိယာများ၊ အားကစားပစ္စည်းများ လှူဒါန်း
Mar 05,2020
မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးမှ တနင်္သာရီတိုင်းဒေသကြီး ကျွန်းစုမြို့နယ် မအိုင်ကျေးရွာအုပ်စု ပထက်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းသို့ ကွန်ပျူတာများ၊ သုတရသစာအုပ်များနှင့် ကျောင်းသား/ သူများအတွက် ဗလာစာအုပ်များ၊ စာရေးကိရိယာများ၊ အားကစားပစ္စည်းများ လှူဒါန်းပွဲကို ယနေ့ နေ့နံနက် (၁၁) နာရီခွဲက အဆိုပါကျောင်း ကျွန်းရွှေဝါခန်းမတွင် ကျင်းပခဲ့ကြသည်။