ဥတ္တရသီရိ ဇွန် ၂၆
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရသီရိမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ မိသားစုစားဝတ်နေရေး အဆင်ပြေစေရေး အတွက် ယမန်နေ့က တတိယ အကြိမ်မြောက် မြစိမ်းရောင်အရင်း မပျောက်လည်ပတ် ရန်ပုံငွေ ထုတ်ချေးပေးခြင်းကို ဥတ္တရသီရိမြို့နယ်၊ အောင်ချမ်းသာ ကျေးရွာတွင် ဆောင်ရွက်ခဲ့သည်၊၊
ထိုသို့ ဆောင်ရွက်ရာတွင် ဥတ္တရသီရိမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြို့နယ် ဦးစီးမှူး ဒေါ်နှင်းအိဖြိုးနှင့် ဝန်ထမ်းများ ၊ မြစိမ်းရောင်အရင်း မပျောက် လည်ပတ်ရန်ပုံငွေ ထုတ်ချေးပေးရေး ကော်မတီဝင် များက ကျေးရွာအတွင်းရှိ မွေးမြူရေး လုပ်ငန်းလုပ်ကိုင်သူ (၆၅)ဉီးအတွက် ငွေကျပ် (၁၆၆) သိန်း၊ စိုက်ပျိုးရေး လုပ်ငန်း လုပ်ကိုင်သူ (၃၅) ဦးအတွက် ငွေကျပ် (၁၀၆) သိန်း၊ အရောင်းအဝယ် လုပ်ကိုင်သူ (၂၅) ဦး အတွက် ငွေကျပ် ( ၆၅) သိန်း စုစုပေါင်းလုပ်ငန်းလုပ်ကိုင်သူ (၁၂၃) ဉီးအတွက် ငွေကျပ် (၃၃၇)သိန်းကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့် အညီ ထုတ်ချေးပေးခဲ့သည်။
ဥတ္တရသီရိမြို့နယ်အနေဖြင့် မြစိမ်းရောင်အရင်းမပျောက်လည်ပတ်ရန်ပုံငွေ ထုတ်ချေးပေးသည့် ကျေးရွာ စုစုပေါင်း (၁၈)ရွာရှိကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။
အောင်ကို