နေပြည်တော် ငါးလုပ်ငန်းဦးစီးဌာနမှ ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနား ကျင်းပ

နေပြည်တော် ဇွန် ၂၆

နေပြည်တော် ငါးလုပ်ငန်းဦးစီးဌာနမှ ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကို ဇေယျာသီရိမြို့နယ်ရှိ ရေဆင်း ရေလှောင်တမံအတွင်း၌ ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။         

ငါးလုပ်ငန်း ဦးစီးဌာနအနေဖြင့် ကျေးလက်နေပြည်သူများ စားနပ်ရိက္ခာဖူလုံရေးနှင့် ငါးစားသုံးမှုမြင့်တက်စေရန်၊ ငါးသယံဇာတတိုးပွားပြီး ရေရှည်ငါးစားသုံးနိုင်ရန်၊ ငါးမျိုးပြုန်းတီး မှုမှကာကွယ်နိုင်ရန် ရည်ရွယ်၍ ကျင်းပရာ နေပြည်တော် ငါးလုပ်ငန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ညိုညိုအေးနှင့် တာဝန်ရှိသူများက ရေဆင်း ရေလှောင်တမံအတွင်း ငါးမြစ်ချင်းမျိုး ငါးသားပေါက်ကောင်ရေ (၈၀၀၀၀) စိုက်ထည့်ပေးခဲ့ကြောင်း သိရသည်။

အေးလင်းထွန်း