မြောက်ဥက္ကလာပ ဇူလိုင် ၂၆
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် ရပ်ကွက်(၁၉)ရပ်ကွက်ရှိပြီး လူဦးရေအများဆုံးနေထိုင်သည့် ရွှေပေါက်ကံမြို့ သစ်ရပ်ကွက်၌ ပြည်သူများ ကိုဗစ်-၁၉ ရောဂါကြောင့် အောက်ဆီဂျင် လုံလောက်မှုမရှိဘဲ အသက်အန္တရာယ် ဆုံရှုံးမှုမရှိစေရန် Oxygen plant စက်ရုံ တည်ဆောက်ရေးလုပ်ငန်းအတွက် အလှူရှင်များက ယနေ့ နံနက်ပိုင်းက အလှူငွေများကို ရွှေပေါက်ကံ မြို့သစ်အုပ်ချုပ်ရေးမှူးရုံးသို့ လာရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။
ရွှေပေါက်ကံမြို့သစ် အုပ်ချုပ်ရေးမှူးရုံးအနေဖြင့် ကိုဗစ်-၁၉ ရောဂါ စတင်ဖြစ်ပွားချိန်မှစ၍ ရောဂါ ကာကွယ်ရေးနှင့် ပတ်သက်၍ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ လူနာ၊ ထိတွေ့လူနာ၊ သံသယလူနာများအား တာဝန်ရှိသူများနှင့် ပူးပေါင်း၍ Quarantine centre များ၊ ကုသရေးစင်တာများသို့ ပို့ဆောင်ပေးခြင်းများကို ဆောင်ရွက်လျက်ရှိရာ ယခုအချိန်တွင် အဓိကလိုအပ် လျက်ရှိသည့် အောက်စီဂျင်ရရှိရန် ရွှေပေါက်ကံမြို့သစ်အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်းက "(၄၀)လီတာ အိုးကြီးဆိုရင် အလုံး (၂၀၀) ထုတ်လုပ်ပေးနိုင်တယ်၊ (၁၀)လီတာဆိုရင် အလုံး (၁၂၀၀)ထုတ်လုပ် ပေးနိုင်တယ်၊ စက်တစ်လုံးကို သိန်း(၆၀၀)မှ (၆၅၀) ခန့်ကုန်ကျမှာဖြစ်ပါတယ် ဒီစက်တစ်လုံးထိုင်နိုင် ခဲ့ရင် ကျနော်တို့ ရွှေပေါက်ကံအတွက် Oxygen လုံလောက်နိုင်ပါတယ်။
ကျွန်တော်တို့ မြို့မှာနေတဲ့ စီးပွားရေးလုပ်ငန်းရှင်များ၊ ငွေကြေးပြည့်စုံသူများ ဝိုင်းဝန်းကူညီကြရင် ကျွန်တော်တို့မြို့ကို ကယ်တင်နိုင်မှာပါ။
ကျွန်တော်တို့မိသားစုအနေနဲ့လည်း ငွေကျပ် (၁၀)သိန်း မတည် ပြီး ဖြစ်ပါတယ်။ ယခု စေတနာရှင် အလှူရှင်များ လှူဒါန်းထားတဲ့ ငွေကျပ်သိန်း (၂၀၀)ကို ရရှိထားပါ တယ်"ဟု Oxygen plant စက်ရုံတည်ဆောက်ရေး လုပ်ငန်းအတွက် ရှင်းလင်းပြောကြားခဲ့ပြီး အလှူရှင် များ လှူဒါန်းသည့် အလှူငွေများကို လက်ခံရယူခဲ့ကြောင်း သိရသည်၊၊
အဆိုပါ Oxygen plant စက်ရုံတည်ဆောက်ရေးလုပ်ငန်းအတွက် လှူဒါန်းလို ပါက ရွှေပေါက်ကံမြို့သစ် Oxygen plant စက်ရုံဖြစ်မြောက်ရေး အထောက် အကူပြုကော်မတီ ဖုန်း ၀၉-၄၂၀၁၆၃၇၃၃ သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။
မြမြဝင်း