သတင်းများ

မိုးညှင်းမြို့၌ အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာများထုတ်ပေး
Jul 27,2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ရုံးပိတ်ရက်အား ဇူလှိုင်လ(၂၆)ရက်နေ့မှ ဩဂုတ်လ(၁) ရက်နေ့အထိ သတ်မှတ်ထားသော်လည်း ဇူလိုင်လ(၂၆) ရက်နေ့တွင်မိုးညှင်မြို့ရှိ မြန်မာ့စီးပွား ရေးဘဏ်မှ ဝန်ထမ်းများသည် အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာများကို အဆင်​ပြေ ချောမွေ့စွာ ထုတ်ပေးနိုင်ရေးအတွက် အထက(၁) အောင်ဆန်းခန်းမ၌ ထုတ်ပေးလျက်ရှိ ကြောင်း သိရှိရပါသည်။
ညောင်ဦးမြို့ ကုတင် ၂၀၀ဆံ့ပြည်သူ့ဆေးရုံကြီးမှ ကိုဗစ်-၁၉ ရောဂါဖြင့် တက်ရောက်နေ သော ၃၃ဦး ကျန်းမာရေးကောင်းမွန်သဖြင့် ဆေးရုံဆင်း
Jul 27,2021
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့ ကုတင် ၂၀၀ဆံ့ပြည်သူ့ဆေးရုံကြီးတွင် တက် ရောက်ကုသနေသော ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ ၃၃ဦး ကျန်းမာရေးကောင်း မွန်သဖြင့် ယနေ့ နံနက် ၈နာရီ မိနစ် ၃၀ အချိန်က ဆေးရုံဆင်းခွင့်ပြုခဲ့ကြာင်း ညောင်ဦးခရိုင် ၊ခရိုင်ကျန်းမာရေးဦးစီးဌာန၊ ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာ အောင်မြင့်ထွန်းထံက သိရသည်။
အမ်းမြို့နယ်တွင် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီကို အထောက် အကူပြုနိုင်ရေး အတွက် စေတနာ့ဝန်ထမ်းပံ့ပိုးကူညီရေးအဖွဲ့ ဖွဲ့စည်းဆောင်ရွက်
Jul 27,2021
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တွင်  ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ကို အထောက်အကူပြုနိုင်ရေးအတွက် စေတနာ့ဝန်ထမ်းပံ့ပိုးကူညီရေးအဖွဲ့ ဖွဲ့စည်းခြင်းကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌   ယမန်နေ့ နံနက်(၁၀)အ ချိန်က ဖွဲ့စည်း ဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။
မကွေးခရိုင် ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ သီတဂူမျက်စိ ဆေးရုံတွင် ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ပိုးစစ်ဆေးပေးနေမှုအား ကြည့်ရှုစစ်ဆေး
Jul 27,2021
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင် ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ယမန်နေ့ နံနက်ပိုင်းက မကွေးမြို့ပေါ် ရပ်ကွက်များရှိ ပြည်သူများ အား သီတဂူမျက်စိဆေးရုံတွင် ကိုဗစ်-၁၉ရောဂါပိုး စစ်ဆေး ပေးနေမှုများအား ကြည့်ရှုစစ်ဆေးခဲ့ ကြောင်း သိရသည်။
ပင်းတယမြို့၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေး အသိပေးနှိုးဆော်မှုများ ဆောင် ရွက်
Jul 27,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများနှင့် လူစည်ကားရာနေရာများတွင် ကိုဗစ်-၁၉ရောဂါ ထိရောက်စွာ ကာ ကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီ၏ ကြီးကြပ်မှုဖြင့် ပြည်သူများလိုက်နာရမည့် အချက်များအား အသံချဲ့စက်ဖြင့် အသိပေးနှိုးဆော်ခြင်းကို နေ့စဉ်ဆောင်ရွက်နေလျက်ရှိရာ ယမန်နေ့ ညနေပိုင်းက ဟော်ကုန်းရပ်ကွက်၊ ပေါက်တောရပ်ကွက်နှင့် ရေဖြူကျေးရွာသို့ လည်းကောင်း ယနေ့ နံနက်ပိုင်းတွင် သရက်ကုန်းကျေးရွာနှင့် ရေချမ်းစင်ကျေးရွာတို့တွင် အသိပေးနှိုးဆော်မှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မချမ်းဘော့မြို့အေဂျီအသင်းတော်ပိုင်လယ်ကွက်၌ သိပ္ပံနည်းကျ အတန်းလိုက် ကြိုးတန်းစနစ်ဖြင့် စိုက်ပျိုး
Jul 27,2021
ကချင်ပြည်နယ်၊ပူတာအိုခရိုင်၊မချမ်းဘော့မြို၌ မချမ်းဘော့မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၏ ၂၀၂၁-၂၀၂၂ -ခုနှစ်မိုးစပါးမျိုးစေ့ထုတ်လုပ်ပြီး တောင်သူများအားမျိုးကောင်းမျိုးသန့်အထွက်တိုးမျိုးစပါးဆင်းဧကရီ-၃(၂) ဧကအား ဇူလိုင် ၂၆ရက်နံနက်၈နာရီမှစတင်၍ မချမ်းဘော့မြို့အေဂျီအသင်းတော်ပိုင်လယ်ကွက်၌ စိုက်ပျိုးသည်။
ထီလုံကျေးရွာနှင့် ကုလားကုန်းကြား လှိုင်းဘွဲ-ဘားအံကားလမ်းမကြီး ရေကျော်မှုဖြစ်ပွား
Jul 27,2021
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် မိုးအဆက်မပြတ်ရွာသွန်းပြီး တောင်ကျရေများ စီးဆင်းလာမှုကြောင့် ထီလုံကျေးရွာနှင့် ကုလားကုန်းကျေးရွာကြား လှိုင်းဘွဲ-ဘားအံကားလမ်းမကြီး မိုင်တိုင်အမှတ်၂၀ကီလိုမီတာ နှင့် ၂၁ကီလိုမီတာအကြားတွင် ယမန်နေ့နံနက်ပိုင်းက ကားလမ်း ရေကျော်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်အတွင်း အောက်ဆီဂျင်အမှန်တကယ်လိုအပ်နေသူများအတွက် အောက်ဆီဂျင်အိုးများ အခမဲ့ဖြန့်ဝေ
Jul 27,2021
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် အတွင်းတွင် ယမန်နေ့နံနက် ၇ နာရီ အချိန်မှစတင်၍ အောက်ဆီဂျင်အမှန်တကယ်လိုအပ်နေသူများကို မြို့နယ်အောက်ဆီဂျင်ဖြန့်ဝေရေး အ ထောက်အကူအဖွဲ့၏ ကြီးကြပ်မှုဖြင့်  နေရာ(၅)နေရာခွဲ၍ အောက်ဆီဂျင်များ အခမဲ့ဖြန့်ဝေ ပေးလျက်ရှိကြောင်း သိရသည်။