တောင်ကုတ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေး တတိယနေ့ ဆက်လက်ထိုးနှံ
Aug 04,2021
ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အသက်(၆၅)နှစ်နှင့် အထက်ပြည်သူများအား ကာကွယ်ဆေးထိုးနှံခြင်းကို ဩဂုတ် ၃ ရက်နေ့ နံနက် ၈ နာရီ ၃၀ အချိန်မှ မွန်းလွဲ ၁၂ နာရီအချိန်ထိ၎င်း နေ့လယ် ၁ နာရီ အချိန် မှ ညနေ ၄ နာရီအချိန်ထိ ကံပိုင်ရပ်ကွက် အခြေခံပညာ အထက်တန်းကျောင်း ပညာရတနာခန်းမ ၌ တတိယနေ့အဖြစ် လူမျိုးဘာသာမရွေး ဆက်လက် ထိုးနှံပေးလျက် ရှိကြောင်းသိရသည်။