သတင်းများ

ထားဝယ်မြို့ ဆေးဝါး၊ဆေးပစ္စည်းများနှင့်အထောက်အကူပြုပစ္စည်းများ ပြတ်လပ်မှုမရှိစေရေးနှင့် သင့်တင့်သောစျေးနှုန်းမှန်ဖြင့် ရောင်းချနိုင်ရေးကြည့်ရှုစစ်ဆေး
Aug 27,2021
ကိုဗစ်-၁၉ကာလတွင် စျေးကွက်အတွင်း ကာကွယ်ကုသရေး၊ ဆေးဝါး၊ဆေးပစ္စည်းများနှင့်အထောက် အကူပြုပစ္စည်းများ ပြတ်လပ်မှုမရှိစေရေး၊ သင့်တင့်သောစျေးနှုန်းမှန်ဖြင့် ရောင်းချနိုင်ရေး သတ်မှတ် အရည်အသွေးနှင့် စျေးနှုန်းမှန်ကန်စေရေးတို့အတွက် ရည်ရွယ်၍ ယမန်နေ့နံနက်ပိုင်းတွင် ဌာနဆိုင်ရာ တာဝန်ရှိသူများက ထားဝယ်မြို့အတွင်း ဆေးဆိုင်များအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း  သိရသည်။
ကျိန္တလီမြို့၌ ဒေသန္တရအမိန့် ထုတ်ပြန်ခြင်းအား ပြည်သူများ လိုက်နာမှု ရှိ/မရှိ လှည့်လည် စစ်ဆေး ဆောင်ရွက်
Aug 27,2021
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့၌ ဒေသန္တရအမိန့် ထုတ်ပြန်ခြင်းအား ပြည်သူများလိုက် နာမှုရှိ/မရှိ လှည့်လည်စစ်ဆေးဆောင်ရွက်ခြင်းကို ယမန်နေ့ မွန်လွဲ ၁ နာရီအချိန်က မြို့ပေါ်ရပ်ကွက်များအတွင်းသို့ လှည့်လည်စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ဝယ်ယူထားသည့် Plant Form Crane ကားများအား ခရိုင် လေးခရိုင်သို့ လွှဲပြောင်းပေးအပ်
Aug 27,2021
ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ဝယ်ယူထားသည့် Plant Form Crane ကားများအား ခရိုင် လေးခရိုင်သို့  လွှဲပြောင်းပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက ပြည်နယ်အစိုးရုံးအတွင်း၌ ကျင်းပသည်။
ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ မိုင်းပျဉ်း မြို့ဓါတ်အားခွဲစက်ရုံ နှင့် ကျိုင်းတုံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်တွေ့ဆုံ
Aug 27,2021
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် တာဝန်ရှိသူတို့သည် ယမန်နေ့ နံနက်(၇)နာရီခွဲက ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့ နယ်ပင်မဓာတ်အားခွဲစက်ရုံအားသွား ရောက်ကြည့်ရှုရာ တာဝန်ရှိခွဲရုံမှူးမှ ဓာတ်အားခွဲရုံနှင့်ပတ်သက်၍ရှင်းလင်းရာ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာကျော်ထွန်းက နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်အရ လျှပ်စစ်မီးလင်းရေး အတွက်(၃၀%) ရာခိုင်နှုန်းရရှိရန်နှင့်ကျေးလက်၊ မြို့ပြကွာဟာမှုမရှိစေရေးမှာ ကြားပါကြောင်းနှင့် မက်မန်းခရိုင်လည်း လျှပ်စစ်မီးရရှိပါက အဆင်ပြေမည်ဖြစ်ကြောင်း ရှမ်းအရှေ့ပိုင်းအတွက် လျှပ်စစ်မီး ပိုမိုရရှိနိုင်အောင် ဆောင်ရွက်ပေးရန် ဖြည့်စွက်မှာကြားပြီး ဓာတ်အားခွဲရုံ အားလှည့်လည်ကြည့်ရှု ကြောင်းသိရသည်။
တာချီလိတ်မြို့တွင် စံလင်းဖြိုးကုမ္ပဏီမှ လှူဒါန်းသည့် အောက်ဆီဂျင်ထုတ်စက်ကြီးရောက်ရှိ
Aug 27,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ရှိသည့် အတည်ပြုလူနာများ အသုံးပြုနိုင်ရန်အတွက် စံလင်းဖြိုးကုမ္ပဏီမှ လှူဒါန်းသည့် အောက်ဆီဂျင်ထုတ်စက်ကြီးနှင့် ဆက်စပ် ပစ္စည်းများ ယမန်နေ့ နံနက်ပိုင်းက ရောက်ရှိလာခဲ့သည်။
မွန်ပြည်နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ကုသရေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဆောင်ရွက်သည့် အကောင်းဆုံးဆေးရုံဆုများ ချီးမြှင့်ပေးအပ်
Aug 27,2021
မွန်ပြည်နယ် ကုသရေးဦးစီးဌာန လက်အောက်ရှိ မြို့နယ်ဆေးရုံအသီးသီးတွင် ကိုဗစ်-၁၉ ရောဂါ တတိယ လှိုင်းကာလအတွင်း လူနာများအား ကာကွယ်၊ ကုသရေးလုပ်ငန်းများအပြင် ပုံမှန်ဆေးရုံလုပ်ငန်းများကို လည်း အရှိန်အဟုန်မပြတ် ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၁ ခုနှစ်၊ ဇွန်လနှင့် ဇူလိုင်လတို့၌ ဆေးရုံလုပ်ငန်း များ အကောင်းဆုံးဆောင်ရွက်ပေးနိုင်သည့် မြို့နယ်အဆင့် ဆေးရုံဆုနှင့် တိုက်နယ် အဆင့်ဆေးရုံဆုများကို ရွေးချယ်ချီးမြှင့်ပေးသည်။
မွန်ပြည်နယ်ဝန်ကြီးချုပ် မော်လမြိုင်မြို့ မြဆည်းဆာ ဘိုးဘွားရိပ်သာတွင် သက်ကြီးဘိုးဘွား (၄၁)ဦး အား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်​ဆေး ထိုးနှံ​ပေးမှုကြည့်ရှု၍ အာဟာရဖြည့် အစားအစာများ လှူဒါန်း
Aug 27,2021
မွန်ပြည်နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ၊ ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများသည် ယမန်နေ့ နံနက် ၉ နာရီက မော်လမြိုင်မြို့၊ မြဆည်းဆာ ဘိုးဘွားရိပ်သာတွင်  အသက်(၆၅) နှစ်အထက်  သက်ကြီးဘိုးဘွား (၄၁)ဦးအား ကျန်းမာ​ရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပရဟိတ​စေတနာ့ ဝန်ထမ်းများက ကိုဗစ်-၁၉ ​ရောဂါ ကာကွယ်​ဆေး  ဒုတိယအကြိမ်  ထိုးနှံ​ပေးမှုကို ကြည့်ရှု၍ အား​ပေးစကား​ပြော​ကြားပြီး အာဟာရဖြည့် အစားအစာများ လှူဒါန်း​ပေးခဲ့သည်။ 
မိုင်းကိုင်မြို့နယ်အတွင်း Sinopharm ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံရေး ကြိုတင်ညှိနှိုင်းဆောင်ရွက်
Aug 26,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းကိုင်မြို့နယ်အတွင်း Sinopharm ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို  ဒုတိယ အကြိမ်အဖြစ်  ထပ်မံထိုးနှံပေးနိုင်ရေးအတွက်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌ  မြို့နယ်အုပ်ချုပ် ရေးမှူး ဦးအောင်စိုးဦးက  ယနေ့နေ့လည်ပိုင်း၌  မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန နှင့် ပညာရေးဌာနမှ တာဝန်ရှိသူများအား တွေ့ဆုံညှိနှိုင်းခဲ့သည်။