နတ်တလင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေး အသိပေးနှိုးဆော်မှုများ ဆောင်ရွက်
Aug 27,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာ၀တီခရိုင်၊ နတ်တလင်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုများပြားလာသဖြင့် ရောဂါကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် အသိပေး နှိုးဆော်မှုများအား ကျယ်ကျယ်ပြန့်ပြန့် လိုက်လံဆောင်ရွက်လျက်ရှိရာ ယမန်နေ့ ည(၈)နာရီအချိန်က မြို့အတွင်းရှိ ရပ်ကွက်များနှင့်လမ်းဆုံလမ်းခွတို့တွင် မြို့နယ် မီးသတ်ဦးစီးဌာနနှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ် ဝန်ထမ်းများမှ လိုက်လံနှိုးဆော်ခဲ့ကြောင်း သိရသည်။