သတင်းများ

လေရှီးမြို့နယ် နမိယူပီအုပ်စု၊ နမိယူပီရွာမ၌ ထိုင်းနှံ​ကောက်​စပါး စမ်းသပ်စိုက်ပျိုး
Jun 26,2021
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လေရှိးမြို့နယ် နမိယူပီအုပ်စု နမိယူပီရွာမ တောင်သူ အဘ ဦးမောင်ကျော်(၁)၏ လယ်တွင် မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာမှ ဧည့်မထ စပါးပျိုးအုပ်စု တွင် ပါဝင်သည့် ထိုင်းနှံကောက်စပါးမျိုးအား ယမန်နေ့ နံနက် ၁၁ နာရီ အချိန်က သွားရောက် စမ်းသပ်စိုက်ပျိုးခဲ့သည်။
အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို အသိပညာပေး
Jun 26,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို အသိပညာပေး (Talk  Show)ကို ယမန်နေ့ မွန်းလွဲ ၂နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးဌာနရှိ လူထုအခြေပြု ဗဟိုဌာန၌ ကျင်းပပြုလုပ်သည်။
မအူပင်ခရိုင် ၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အကြို နံရံကပ်စာစောင် ဓာတ်ပုံပြပွဲ ကျင်းပ
Jun 26,2021
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၌ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့်အပြည်ပြည်ဆိုင်ရာ မူးယစ် ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြို နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲကို ယမန်နေ့ညနေ ၄ နာရီက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြသထားကြောင်း သိရသည်။
ရခိုင်ပြည်နယ် မောင်တောမြို့၌ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ (၁)ဦးထပ်မံတွေ့၍ မြို့နယ်အတွင်း ပိုးတွေ့ရှိသူ ၈ ဦးရှိပြီဖြစ်
Jun 26,2021
ရခိုင်ပြည်နယ် ၊ မောင်တောမြို့၌ ရွှေဇားကပ္ပကောင်း ကျေးရွာအုပ်စု ၊ ကပ္ပကောင်းကျေးရွာနေ အသက် (၄၀) အရွယ် ရှိ (ကျား) တစ်ဦး မှာ ဖျားနာ၊ ခေါင်းဆိုးသဖြင့် ဇွန် ၂၃ ရက်နေ့တွင် မောင်တောမြို့ပြည်သူ့ဆေးရုံ၌ တက်ရောက် ဆေးကုသ မှုခံယူလျက်ရှိပြီး ကိုဗစ်-၁၉ ရောဂါ လက္ခဏာများ တွေ့ရှိသဖြင့် Rapid Diagnostic Test(RDT) ဖြင့် စစ်ဆေးခဲ့ရာ Negative အဖြစ် တွေ့ရှိရပြီး ထပ်မံ၍ ဒုတိယအကြိမ် ဇွန် ၂၅ ရက်နေ့တွင် မောင်တောပြည်သူ့ဆေးရုံရှိ Reverse-transcription Polymerase Chain Reaction (RT-PCR) စက်ဖြင့် စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ ရှိရကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
ဖောင်းပြင်မြို့၌ ကိုဗစ်-၁၉ရောဂါကာကွယ်တားဆီးရေးအတွက် ပါးစပ်နှင့်နှာခေါင်းစည်း(mask)များ ဖြန့်ဝေပြီး အသိပညာပေး
Jun 26,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့၌ ကိုဗစ်-၁၉ ရောဂါကူးစက်မှု မဖြစ်ပွားစေရေးအတွက် ရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ နေအိမ်ပြင်ပထွက်ခွာသွားလာနေကြသူများအား နှာခေါင်း နှင့်ပါးစပ်စည်း(mask)များ စနစ်တကျတပ်ဆင်ကြရန် အသိပညာပေးခြင်းနှင့် maskများ ဖြန့်ဝေပေးခြင်းကို ယ နေ့ နံနက်ပိုင်းက တာဝန်ရှိသူများသည် လူအများသွားလာရာနေရာများနှင့် ဈေးတို့၌ ဆောင်ရွက်ကြကြောင်းသိရ သည်။
မအူပင်ခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာအုပ်ကို စာဖတ်ဝိုင်းကျင်းပ
Jun 26,2021
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့ မွန်းလွဲ ၂ နာရီက ပြည်သူများ စာပေအသိပညာ တိုးပွားစေရန်နှင့် စာဖတ်ရှိန်မြင့်တက်စေရန် ရည်ရွယ်၍ ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ “ရည်မှန်းချက်နှင့် ပြဿနာအထွေထွေ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပခဲ့သည်။
မုဒုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးဝန်ထမ်းများ၏ သား/သမီးအား ပညာသင် ထောက်ပံ့ကြေး ပေးအပ်ပွဲ အခမ်းအနား ကျင်းပ
Jun 26,2021
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင် မုဒုံမြို့နယ်တွင်၂၀၂၁−၂၀၂၂ပညာသင်နှစ်အတွက်မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံးဝန်ထမ်းများ၏ သား/သမီးများ ပညာသင်ထောင်ပံ့ကြးပေးအပ်ပွဲ အခမ်းအနားကို ဇွန်၂၄ ရက်နေ့က အဆိုပါ ရုံးရှိ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
မြို့သစ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးစစ်ဆေးရေးဂိတ် များ ပြန်လည် ဖွင့်လှစ်ထားရှိ
Jun 26,2021
မကွေးခရိုင်၊ မြို့သစ်မြို့ မြို့အဝင်ဂိတ်များရှိ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးဂိတ်တို့ ၌ ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများနှင့်လူမှုရေး အသင်းအဖွဲ့များ ပူးပေါင်းကာ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးစစ်ဆေးမှုများ ကြိုတင်ကာကွယ်ရေး အသိပညာပေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့်ကာ ပြန်လည်ဖွင့်လှစ်ဆောင်ရွက်လျက်ရှိသည်။