မအူပင်ခရိုင် ၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အကြို နံရံကပ်စာစောင် ဓာတ်ပုံပြပွဲ ကျင်းပ

မအူပင် ဇွန် ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၌ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့်အပြည်ပြည်ဆိုင်ရာ မူးယစ် ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြို နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲကို ယမန်နေ့ညနေ ၄ နာရီက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြသထားကြောင်း သိရသည်။


အဆိုပါ နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲတွင် မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့်စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ဖြစ်ပေါ်နိုင်သော ဆိုးကျိုးများ၊ ဆေးလိပ်သောက်ခြင်း ကြောင့်ဖြစ်ပေါ် လာသည့်ဆိုးကျိုးများ၊ မူးယစ် ဆေးဝါး အမျိုးအမည်များ၊ မူးယစ်ဆေးဝါးအန္တရာယ်တားဆီး ကာကွယ်ရေးဆိုင်ရာကဗျာ၊ ကာတွန်းများ ပါဝင်သည့် နံရံကပ်စာစောင်နှင့်ဓာတ်ပုံများကို ပြသထားရှိရာမြို့နယ် မီးသတ်ဦးစီးဌာနမှူး ရုံးမှ တပ်ရင်း တပ်ဖွဲ့ဝင်များ၊ တပ်ဖွဲ့ဝင် မိသားစုများက လာရောက်ကြည့်ရှု လေ့လာခဲ့ကြောင်း သိရသည်။

အောင်ခိုင်