သတင်းများ

ဟိုပန်မြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပ
Jun 26,2021
ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမ ဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို COVID-19 စည်းကမ်းချက်များနှင့်အညီ ယနေ့နံနက် ၉နာရီအချိန်က“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့အခြေခံပညာအထက်တန်းကျောင်း၊ စောမဟာခန်းမတွင် ပြုလုပ်ရာ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ(ကိုယ်စား) ဦးထွန်းထွန်းဝင်း (အတွင်းရေးမှူး)က အဖွင့်အမှာစကား ပြောကြားခဲ့သည်။
တန့်ယန်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးထိန်းချုပ်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ
Jun 26,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးထိန်း ချုပ်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ကျောက်မဲခရိုင်၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် စာစီစာကုံးပြိုင်ပွဲကျင်းပ
Jun 26,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ လူထုအခြေပြုဗဟိုဌာနတွင် ယနေ့ နံနက် ၁၀ နာရီအချိန် က အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝင်မှု တိုက်ဖျက် ရေးနေ့ အထိမ်းအမှတ်အဖြစ် အလယ်တန်းအဆင့် ပန်းချီပြိုင်ပွဲကို ကျင်းပပြုလုပ်ခဲ့သည်။
မြောင်းမြခရိုင်ရုံး ဝန်ထမ်းများစာဖတ်ဝိုင်းဆောင်ရွက်
Jun 26,2021
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ယမန်နေ့ နေ့လယ် (၃)နာရီက "နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်ဆိုင်ရာစံတန်ဖိုးများ" အား စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့ သည်။
ပွင့်ဖြူမြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အသက်(၂၀)အောက် ဖူဆယ်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲ ကျင်းပ
Jun 26,2021
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အားကစားနှင့် ကာယပညာ ဦးစီးဌာနတို့ ပူးပေါင်းစီစဉ်ကျင်းပသည့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အသက်(၂၀)အောက် ကလပ်ပေါင်းစုံ ဖူဆယ်ဘောလုံး ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲက မြို့နယ် ပြည်သူ့ အားကစားကွင်း၌ ကျင်းပသည်။
သရက်ခရိုင်အတွင်း၌ ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်သည့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ပွဲကျင်းပ
Jun 26,2021
မကွေးတိုင်းဒေသကြီး၊ သရက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပန်းခင်း စီမံချက်ဖြင့် ဆောင်ရွက်သည့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
တနင်္သာရီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီမှ လှူဖွယ်ဝတ္ထုငွေနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်း
Jun 26,2021
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ဃောသိတရာမပရိယတ္တိစာသင်တိုက်၊ ဘုန်းတော်ကြီးကျောင်းတွင် စာသင်တိုက်ရှိ သံဃာတော်များ ကိုဗစ်-၁၉ ကာလအတွင်း ဆွမ်းခံမထွက်ရသဖြင့် ကိုဗစ်စည်းကမ်းများနှင့် အညီ သီတင်းသုံးနိုင်ရေးအတွက် ယနေ့ နံနက် ၉ နာရီက တနင်္သာရီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီမှ လှူဖွယ်ဝတ္ထုငွေနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းခဲ့ကြောင်း သိရသည်။
ပုဏ္ဏားကျွန်း၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များနှင့်(Mask)များဖြန့်ဝေ
Jun 26,2021
ရခိုင်ပြည်နယ်၊ပုဏ္ဏားကျွန်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇော်သိန်းနှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊မြန်မာနိုင်ငံကြက်ခြေနီအသင်းတို့ပူးပေါင်းတို့ပူးပေါင်း၍ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊(ရုံးချုပ်) နေပြည်တော်က ထုတ်ဝေသော အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်၊ သတင်းစကား လက်ကမ်းစာစောင်များ နှင့်(Mask)များဖြန့်ဝေခြင်းကို ယနေ့ ၊ နံနက် (၈)နာရီ က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးရှေ့တွင် လမ်းသွားလမ်းလာ ပြည်သူများအား ဖြန့်ဝေပေးခဲ့ကြသည်။