ဖျာပုံမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်တားဆီးနှိမ်နင်းရေးအတွက် အဘိတ်ဆေးခတ်ခြင်း လုပ်ငန်းများဆောင်ရွက်

ဖျာပုံ ဇွန် ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်ဆေးရုံအုပ်ကြီး၊ ပြည်သူ့ကျန်းမာရေး ဝန်ထမ်းများမှ ဦးဆောင်း၍ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုကို ကြိုတင်ကာကွယ် တားဆီးနှိမ်နင်း ရေးနှင့် ရောဂါမဖြစ်ပွား စေရေး အတွက် (ဖုံး သွန်၊ လဲ၊ စစ်) လုပ်ငန်းများနှင့်အဘိတ်ဆေးခတ်ခြင်းကို ယနေ့နံနက်(၈)နာရီအချိန်တွင် ဖျာပုံမြို့အမှတ်(၁၄)ရပ်ကွက်နေ ပြည်သူများ၏ နေအိမ်များသို့ သွားရောက်ဆောင်ရွက် ပေးခဲ့ကြောင်းသိရသည်။
အဆိုပါ ဆောင်ရွက်ရာတွင် ဖျာပုံခရိုင်ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီးဒေါက်တာဇင်မာစိုး၊ ပြည်သူ့ကျန်းမာရေး ဝန်ထမ်းများ၊ အမှတ်(၁၄)ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများသည် သွေးလွန်တုပ်ကွေး ရောဂါမဖြစ်ပွားစေရေးအတွက်ရပ်ကွက် အတွင်း ပိုးလောက် လန်းရှိ/မရှိ စစ်ဆေးခြင်း၊ သွေးလွန် တုပ်ကွေး ကာကွယ်နှိမ်နှင်းရေးလုပ်ငန်း (ဖုံး၊သွန်၊လဲ၊စစ်) သရုပ်ပြခြင်းများ၊ အဘိတ်ဆေးခပ်ခြင်းလုပ်ငန်းများ၊ ကြိုတင်ကာကွယ်ရေးနည်းလမ်း များနှင့် လိုက်နာဆောင်ရွက်ရမည့် အချက်များကို အသိပညာပေးလက်ကမ်း စာစောင်များဖြန့်ဝေပေးခဲ့ပြီး ကိုဗစ်-၁၉ရောဂါကြိုတင် ကာကွယ် တားဆီးနိုင်ရေ းအတွက် ရပ်ကွက်နေပြည်သူများအနေဖြင့် နှာခေါင်းစည်း (Mask)များတပ်ဆင်သွားလာနိုင်ရေး အသိပညာပေးခဲ့ကြကြောင်း သိရသည်။