ကျောက်မဲ ဇူလိုင် ၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေသည့် ကျောက်မဲမြို့နယ်၊ နောင်ပိန်ကျေးရွာမှ အသက် ၆၂ နှစ်ရှိ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ အမျိုးသမီးတစ်ဦးသည် ယနေ့နံနက် ၆ နာရီကျော်အချိန်က သေဆုံးခဲ့သောကြောင့် ကျောက်မဲမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ဖြင့် သေဆုံးသူ ၂ ဦးရှိပြီဖြစ်ကြောင်း သိရသည်။
ကျောက်မဲမြို့နယ်အနေဖြင့် ဇွန် ၂၂ ရက်နေ့မှ ဇူလိုင် ၅ ရက်နေ့အထိ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာစုစုပေါင်း ၇၉ ဦးရှိပြီး ၎င်းတို့အထဲမှ သေဆုံးသူ ၂ဦး ရှိလာကြောင်းသိရသည်။
အဆိုပါကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာများနှင့် ထိတွေ့ဆက်စပ်သူများကို သတ်မှတ်နေရာများ၌ အသွားအလာကန့်သတ်ထားကာ ၎င်းတို့အား ကိုဗစ်-၁၉ ရောဂါရှိ/မရှိ စစ်ဆေးပေးလျက်ရှိကြောင်း ကျန်းမာရေးဦးစီးဌာနမှတာဝန်ရှိသူတစ်ဦး၏ပြောကြားချက်အရ သိရသည်။
မိုင်းထွန်း