တာချီလိတ် ဇူလိုင် ၆
ရှမ်းပြည်နယ် (အရှေ့ပိုင်း)တာချီလိတ်မြို့ ပြည်သူ့ဆေးရုံဟောင်း ကိုဗစ္ကုသရေးစင်တာ၌ အသုံးပြုရန်အတွက် အောက်စီအိုးများ ဝယ်ယူရန် အလှူငွေများကို ရိုမက်တစ်စားသောက်ဆိုင်မှ ယနေ့၁၂နာရီအချိန်က လာရောက်လှူဒါန်းပေးခဲ့ကြောင်းသိရသည်။
ရှမ်းရိုးမကုန်တိုက်ရှိ ရိုမက်တစ် စားသောက်ဆိုင်ပိုင်ရှင် ဒေါ်နန်းခေါင်နွဲ့ ဦးကျာယော်နှင့် အလှူရှင်တစ်စုက ကိုဗစ်လူနာများအတွက်အသုံးပြရန် တစ်အိုးလျင် ၆၀၀၀ ဘတ်တန်ဖိုးရှိ အောက်စီဂျင်အိုးများ ဝယ်ယူရန် ထိုင်းဘတ်ငွေ ငါးသောင်းကိုလာရောက်လှူဒါန်းပေးခဲ့ပြီး ဆက်လက်၍ အလှူရှင်များ စုစည်းကာ လာရောက်လှူဒါန်းပေးရန်ရှိကြောင်း သိရသည်။
ရိုမက်တစ်စားသောက်ဆိုင်မိသားစုက ကိုဗစ်-၁၉ ရောဂါ စစ်ဆေးရန် လာရောက်ကြသည့် ဧည့်သည်များ သောက်သုံးရန်အတွက် သောက်ရေသန့် ၁၀၀ ကတ်ကိုလည်း လှူဒါန်းပေးခဲ့ကြကြောင်း သိရသည်။
ယာဆေး (ပြန်/ဆက်)