မိုင်းလုံ ဇူလိုင် ၁၃
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ကျန်းမာရေး စစ်ဆေးရေးဂိတ် ဖွင့်လှစ်နိုင်ရေးညှိနှိုင်းအစည်းအဝေးကို မိုင်းလုံမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်း အဝေးခန်းမ၌ ယမန်နေ့မွန်းလွဲ ၂ နာရီခွဲအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအစည်းအဝေးတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီ ဥက္ကဋ္ဌ မိုင်းလုံမြို့ မြို့အုပ်ချုပ်ရေးမှူး ဦးအေးမင်းထွန်း၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရပ်မိရပ်ဖများကဆွေနွေးရာ ကျန်းမာရေးစစ်ဆေးရေးဂိတ်ကို (၁၃.၇.၂၀၂၁) ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်၍ မနက်(၆)နာရီ မှ ည(၆)နာရီအချိန်ထိကြီးကြပ်ရန်၊ မိုးကုတ်မှဈေးသည်များကို ရက်သတ္တပတ် ၂ ပတ်အတွင်း မြို့တွင်းရောင်းချခွင့်မပြုရန်နှင့် မြို့တွင်းကားဂိတ်များ ယာဉ်မောင်းလဲလှယ်၍မောင်းနှင်ရန် စသည့်အချက်များကို အတည်ပြု ဆွေးနွေးခဲ့သည်။
အဆိုပါအစည်းဝေးသို့ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့မိမြို့ဖများ၊ မိုင်းလုံလူငယ်ပရဟိတအသင်းနှင့် ကားဂိတ်မှတာဝန်ရှိသူများ တက်ရောက် ခဲ့ကြောင်းသိရသည်။
မိုင်းလုံ