ဘုတ်ပြင်းမြို့နယ်အတွင်းရှိ စည်ပင်သာယာမြို့မဈေးတွင် ကိုဗစ် - ၁၉ စည်းကမ်းချက်များ လိုက်နာမှုရှိ / မရှိ ကွင်းဆင်းစစ်ဆေး

ဘုတ်ပြင်း ဇူလိုင် ၁၃
 
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်တွင်းရှိ စည်ပင် သာယာမြို့မဈေးတွင် ကိုဗစ် -၁၉ စည်းကမ်းချက်များနှင့်အညီ လိုက်နာ ရောင်းချမှု ရှိ/မရှိကို ယမန်နေ့ နံနက်(၈)နာရီအချိန်က မြို့နယ် တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
 
ထို့သို့ ကွင်းဆင်းစစ်ဆေးရာတွင် ဘုတ်ပြင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့နှင့် သက်ဆိုင်ရာ တာဝန်ရှိသူ များက စည်ပင်သာယာဈေးထဲတွင် ဈေးရောင်းချသူ များနှင့် ဈေးဝယ်သူများအား ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ညွန်ကြားချက်များနှင့်အညီ ကိုဗစ် - ၁၉ စည်းကမ်းချက်များကို လိုက်နာ ဆောင်ရွက်ခြင်း၊ နှာခေါင်းစည်း(Mask)များ စနစ်တကျ တပ်ဆင်သွားလာခြင်း၊ လက်ဆေးဘေစင်နှင့် ဆပ်ပြာရည်အသုံးပြု ခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပြီး လူစည်ကားရာနေရာဖြစ်သည့် မြို့မဈေးတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက် ပြန့်ပွားမှုမှ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ထုတ်ပြန်ထားသော စည်းကမ်း ချက်များကို လိုက်နာကြရန် အသိပေးတိုက်တွန်းခဲ့ကြောင်း သိရသည်။