သတင်းများ

ကြာအင်းဆိပ်ကြီးမြို့နယ်၌ ကိုဗစ်-၁၉ အတည်ပြုလူနာ (၅)ဦး ထပ်မံတွေ့ရှိ
Jul 13,2021
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ဇွန်လ(၂၈)ရက်နေ့မှ စတင်ကာ ကိုဗစ်-၁၉ အတည်ပြုလူနာများ တွေ့ရှိလျက်ရှိပြီး ယနေ့နံနက်ပိုင်း က ရောဂါပိုးတွေ့ရှိသူ အတည်ပြုလူနာ (၅)ဦး ထပ်မံတွေ့ရှိကြောင်း သိရသည်။
မူဆယ်ခရိုင်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီ အစည်းအဝေးကျင်းပ
Jul 13,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်ခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန် က ခရိုင်အဆင့် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းကော်မတီအစည်းအဝေးကျင်းပရာ ရှမ်းပြည်နယ်(မြောက်ပိုင်း) အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယပြည်နယ်အုပ်ချုပ်ရေးမှုး ဦးအောင်ချိုဦး မှ မူဆယ်ခရိုင်အတွင်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှု ကာလတွင်ရောဂါပိုးတွေ့ရှိသူများနှင့် Contact Persons များပြားလာပါက ကုသရေးလုပ်ငန်းများ ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရန်အတွက် (ICU Room) (Isolation Ward) Community Based Facility Quadrant နေရာများ တိုးချဲ့ကြိုတင်ပြင်ဆင်ထားရှိနိုင်ရေးအတွက် အဖွင့်အမှာစကား ပြောကြားသည်။
ကြာအင်းဆိပ်ကြီးမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ(ပိုးတွေ့)လူနာ (၁၀)ဦး ထပ်မံတွေ့ရှိ
Jul 13,2021
အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ကူးစက်မြန် ကမ္ဘာ့ကပ်ရောဂါ ဆက်လက်ဖြစ်ပွားနေမှု အခြေအနေအရ မြန်မာနိုင်ငံတွင်လည်း ကိုဗစ်-၁၉ ကူးစက်ပြန့်ပွားမှုရောဂါ တတိယလှိုင်းအသွင် စတင်ဖြစ်ပွားနေပြီဟု သုံးသပ်ရပြီး မျိုးဗီဇပြောင်းလဲလာသောရောဂါပိုး (ကူးစက်ပိုး)ဝင်ရောက်ပြန့်နှံ့မှုများ ရှိနေကြောင်း ဓာတ်ခွဲစမ်းသပ်အတည်ပြုချက်များအရ သိရကြောင်း သိရသည်။
မြိုသစ်မြို့နယ်၌ သိပ္ပံနည်းကျ ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်းကွင်းသရုပ်ပြ
Jul 13,2021
မကွေးတိုင်းဒေသကြီး ၊ မကွေးခရိုင် ၊ မြို့သစ်မြို့နယ်၌ သိပ္ပံနည်းကျ ကောက်စိုက်စက်ဖြင့် မိုး စပါးစိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကို ယနေ့နံနက် ၉နာရီက ယင်းနားကုန်းကျေးရွာရှိ စိုက်ကွက်၌ ပြု လုပ်ခဲ့ကြောင်းသိရသည်။
ဟိုပုံးမြို့၌ RDT-Test Kit ဖြင့်စစ်ဆေးရာ ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာ လေးဦးတွေ့ရှိ
Jul 13,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့၊ တုံခမ်းရပ်ကွက် တွင်နေထိုင်သော အမျိုးသမီးသည် ယမန်နေ့ နံနက်(၁၁)နာရီ အချိန်က RDT-Test Kit ဖြင့်စစ်ဆေးရာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
ကြာအင်းဆိပ်ကြီးမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ(ပိုးတွေ့)လူနာ (၁၀)ဦး ထပ်မံတွေ့ရှိ
Jul 13,2021
အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ကူးစက်မြန် ကမ္ဘာ့ကပ်ရောဂါ ဆက်လက်ဖြစ်ပွားနေမှု အခြေအနေအရ မြန်မာနိုင်ငံတွင်လည်း ကိုဗစ်-၁၉ ကူးစက်ပြန့်ပွားမှုရောဂါ တတိယလှိုင်းအသွင် စတင်ဖြစ်ပွားနေပြီဟု သုံးသပ်ရပြီး မျိုးဗီဇပြောင်းလဲလာသောရောဂါပိုး (ကူးစက်ပိုး)ဝင်ရောက်ပြန့်နှံ့မှုများ ရှိနေကြောင်း ဓာတ်ခွဲစမ်းသပ်အတည်ပြုချက်များအရ သိရကြောင်း သိရသည်။
မိုင်းပျဉ်းမြို့တွင် ကိုဗစ်-၁၉ ရောဂါပိုးရှိသူ(၂)ဦး ထပ်မံစစ်ဆေးတွေ့ရှိ
Jul 13,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့တွင် ယမန်နေ့က ကိုဗစ်-၁၉ ရောဂါပိုးရှိသူ (၂)ဦးထပ်မံ တွေ့ရှိခဲ့သဖြင့် စုစုပေါင်းအတည်ပြုလူနာ (၂၄)ဦးအထိရှိပြီဖြစ်ကြောင်း သိရသည်။
ကော့ကရိတ်မြို့၌ ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ကာကွယ်ရေးအတွက် ပိုးသတ်ဆေးဖျန်းခြင်း လုပ်ငန်းများ ဆောင်ရွက်
Jul 13,2021
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့ပေါ်ရပ်ကွက်ရှိ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိဘဲ ထိန်းချုပ်ကာကွယ်နိုင်ရေးအတွက် ကော့ကရိတ်မြို့နယ် ကိုဗစ် - ၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီနှင့် ပုလဲဖြူ လူမှုကယ်ဆယ်ရေး အသင်းတို့ ပူးပေါင်း၍ ကလိုရင်းဆေးရည် (ပိုးသတ်ဆေး) များကို ယမန်နေ့ ညနေ (၃) နာရီအချိန်က ကော့ကရိတ်မြို့ပေါ်ရပ်ကွက်များတွင် လိုက်လံဆေးဖျန်းခဲ့ကြောင်း သိရသည်။