ကျောက်ထု ဇန်နဝါရီ ၃၀
မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ဂန့်ဂေါခရိုင် ကျောက်ထုမြို့ မြို့မရပ်ကွက် နယ်မြေ ကွင်းအမှတ် ၉၈ တွင် လယ်မြေများ ရေတိုက်စားခြင်းမှကာကွယ်ရန် မြေထိန်းရေကာနံရံ ဆောက်လုပ်ထားသည်။
အဆိုပါ မြေထိန်းရေကာနံရံကို မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့က ၂၀၁၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ကျပ်သိန်း ၃၀၀ ခွင့်ပြုထားပြီး အလျား ၃၅၀ ပေ၊ အနံ ၂ ပေ နှင့် အမြင့် ၁၁ ပေရှိ သံကူကွန်ကရစ် မြေထိန်းရေကာနံရံ ဆောက်လုပ်ထားခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ မြေထိန်းရေကာနံရံ ဆောက်လုပ်ထားသဖြင့် နှစ်စဉ်ဖြစ်လေ့ဖြစ်ထရှိသည့် ချီချောင်းရေ လွှမ်းခြင်း၊ တိုက်စားခြင်းမှ လယ်မြေဧက ၈၀ ကျော်ကို ကာကွယ် သွားနိုင်မည်ဖြစ်ကာ တောင်သူများ ဝမ်းသာလျက်ရှိကြောင်း သိရှိရသည်။
မောဟေမာန် (ပြန်ဆက်)