သတင်းများ

မိတ္ထီလာ၌ သမိုင်းဝင်ရတနာသင်္ကျစ် စေတီတော် ရွှေထီးတော်တင်လှူပူဇော်ပွဲ ကျင်းပမည်
May 18,2021
မိတ္ထီလာမြို့ စျေးအရှေ့ပြင်ရပ်ကွက် သြဇာခြံရပ်တွင် တည်ထားသည့် သမိုင်းဝင်ရတနာသင်္ကျစ် စေတီတော် ရွှေထီးတော်တင်လှူပူဇော်ပွဲကို မေလ ၂ဝ ရက်နေ့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များ နှင့်အညီ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
တောင်ဥက္ကလာပမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် “ပန်းလိုချင် အပင်ပျိုးတတ်မှ” စာအုပ်အား စာဖတ်ဝိုင်းကျင်းပ
May 18,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန သည် စာပေမြတ်နိုးတန်ဖိုးထားသူများ ပိုမိုတိုးပွားလာစေရန်နှင့် အချင်းချင်းဝိုင်းဖွဲ့ ဆွေးနွေးခြင်းအားဖြင့် တစ်ဦးချင်းစီ၏ အတွေးအခေါ် အသိအမြင်များအား မျှဝေတတ်စေရန် စာပေမှ ရသော အသိအမြင်ဗဟုသုတများကို အသုံးချ၍ တန်ဖိုးရှိသော လူငယ်များဖြစ်လာစေရန် ရည်ရွယ်၍ ယမန်နေ့ နံနက် (၁၀)နာရီက ပြည်သူ့စာကြည့်တိုက်ရှိ လူထု အခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။
တာမွေမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့် အညီ စာအုပ် စာစောင်များ ငှားရမ်းပေးလျက်ရှိ
May 18,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်အတွင်းရှိ ပြည်သူများ အသိဉာဏ်ပညာ ဗဟု သုတတိုးပွားစေရေးအတွက် ယခုလဆန်း ပိုင်းမှ စတင်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးစည်းကမ်းချက်များနှင့်အညီ တာမွေ မြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် သုတ/ရသ စာအုပ်စာစောင်များကို အခမဲ့ငှားရမ်းပေးလျက်ရှိကြောင်း သိရ သည်။
မြောက်ဥက္ကလာပမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ဆောင်ရွက်ပေး
May 18,2021
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် လူဝန်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဆိုင်ရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်ကျော်စိုးနှင့် ဝန်ထမ်းများသည် ပန်းခင်းစီမံချက် ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို မေလ ပထမပတ်မှ စတင်၍ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သင်္ဃန်းကျွန်းစာရေးဆရာမ ပေါက်ပေါက်၏ “စာနာအလိုက်သိစွာ အတွေးအမြင် အနုပညာ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ
May 18,2021
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့ စာကြည့်တိုက်ရှိ Community Centre ခန်းမ၌ ယမန်နေ့ နံနက် ၉ နာရီတွင် ပြည်သူများ အသိပညာ တိုးပွားစေရန်နှင့် စာဖတ်ရှိန်မြင့်တက်စေရန် ရည်ရွယ်၍ ကိုဗစ်-၁၉ စည်ကမ်းချက်များနှင့်အညီ စာဖတ်ဝိုင်း ကျင်းပခဲ့သည်။
ကျောင်းကုန်းမြို့တွင် အခြေခံပညာကျောင်းများအား အဖွဲ့(၈)ဖွဲ့ဖြင့် ကြီးကြပ်ဆောင်ရွက်သွားမည်
May 18,2021
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ ညှိနှိုင်း ဆွေးနွေးပွဲကို အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အေးချမ်းသာယာခန်းမ၌ ယနေ့နံနက် ၁၀ နာရီက ပြုလုပ် ခဲ့သည်။
သာယာဝတီမြို့နယ်၌ နှာခေါင်းစည်း စနစ်တကျတပ်ဆင်သွားလာရေး Mask Campaign ပြုလုပ်
May 18,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ကာကွယ်ရေး အတွက် နေအိမ်ပြင်ပသို့ ထွက်ခွာပါက နှာခေါင်းစည်းများ စနစ်တကျ တပ်ဆင်သွားလာရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်မှုဖြင့် ယမန်နေ့ နံနက် ၈ နာရီက ရန်ကုန်-ပြည် ကားလမ်းဘေးရှိ လူစည်ကားရာနေရာများတွင် နှာခေါင်းစည်း Mask များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မိတ္ထီလာမြို့နယ် တဲလှကျေးရွာတွင် ကြံသီးနှံစိုက်ပျိုးအောင်မြင်၍ ဒေသစျေးကွက်အတွင်း နေ့စဉ်ရောင်းချရလျက်ရှိ
May 18,2021
မိတ္ထီလာမြို့နယ် သံဘိုကျေးရွာအုပ်စု တဲလှကျေးရွာတွင် ကြံသီးနှံစိုက်ပျိုးအောင်မြင်၍ ဒေသစျေးကွက် အတွင်း နေ့စဉ်တင်ပို့ရောင်းချရလျက်ရှိကြောင်း ဒေသခံကြံစိုက်တောင်သူများထံမှ သိရသည်။