ဖျာပုံ ဒီဇင်ဘာ ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ၊ရုံးရှေ့ မြေ စိုက်နံရံကပ်ပြဘုတ်တွင်ပြည်သူများသိရှိစေရန် အသိပညာပေး နံရံကပ် စာစောင်များ လစဉ် အသစ် လဲလှယ်ပြသဆောင်ရွက်လျက်ရှိရာ ယနေ့နံနနက် (၉)နာရီအချိန်က ဖျာပုံခရိုင်ရုံး၊ ရုံးရှေ့မြေစိုက်နံရံကပ် ပြဘုတ်၌နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ ရှေ့ လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ်ဆောင်ရွက်ချက်မှတ်တမ်းဓာတ်ပုံများပြသ ဆောင်ရွက်ခဲ့သည်။
အဆိုပါ နံရံကပ်စာစောင်တွင် ပြည်သူများအလွယ်တကူ ဖတ်ရှုလေ့လာနိုင်ရန်နှင့် သိရှိရန် လိုအပ်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အကောင်အထည်ဖော် ဆောင်ရွက် မည့် ရှေ့လုပ်ငန်းစဉ်(၅) ရပ်မှတ်တမ်းဓာတ်ပုံများနှင့် ချမှတ်ထားသည့် ဦးတည်ချက် (၉)ရပ် တွင်ပါဝင်သော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဆောင်ရွက်ချက်မှတ်တမ်း ဓာတ်ပုံ များ၊ ဗီနိုင်းပိုစတာများကို မြေစိုက်နံရံကပ်ပြဘုတ်တွင်ပြသ ဆောင်ရွက်ထားကြောင်း သိရှိရသည်။
အောင်ဝင်းနိုင်