နတ်တလင်း ဒီဇင်ဘာ ၂၀
ပဲခူးတိုင်းဒေသကြီး၊သာယာ၀တီခရိုင်၊ နတ်တလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန Community Centre ခန်းမတွင် ယနေ့နံနက် (၉)နာရီ အချိန်က မီးဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေး အသိပညာပေး Talk Show ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါ မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးအသိပညာပေး Talk Show ဆောင်ရွက်ခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်လဲ့ဝါမြင့်က Talk Show ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက် ကို ရှင်းလင်းပြောကြားပြီး သိလိုသည်များကိုမေးမြန်ရာ မြို့နယ် မီးသတ် ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုးမိုးအောင်က မီးသတ်တပ်ဖွဲ့၏ ရည်ရွယ်ချက်နှင့် ရည်မှန်းချက် တာဝန်(၄)ရပ်၊မီးလောင်မှုအခြေအနေများနှင့်မီးလောင်မှု ဖြစ်ပွားလာပါက ဆက်သွယ်ရမည့် ဖုန်းနံပါတ်များအား ပြည်သူများသိရှိစေရန်စသည့် အကြောင်းအရာများကို ဆွေးနွေးခဲ့ကြသည်။
ထို့သို့ Onlineစနစ်ဖြင့် ပြည်သူများ အသိပညာဗဟုသုတတိုးပွားစေရေး Talk Show အစီအစဉ်များကို ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များနှင့် ပူးပေါင်း၍ အလှည့်ကျ စီစဉ်တင်ဆက်သွားမည်ဖြစ်ကြောင်း သိရသည်။
ဝေယံဖြိုး