သတင်းများ

ကမမောင်းမြို့တွင် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် (အကြို) စာအုပ်ပြပွဲနှင့်နံရံကပ်ပြပွဲများဆောင်ရွက်
Dec 21,2021
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်(အကြို) စာအုပ်စာ စောင်နှင့်နံရံကပ်ပြပွဲများပြသခြင်းကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့ နံနက်ပိုင်းအချိန်က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးစည်းကမ်းချက်များနှင့်အညီ ပြုလုပ် ဆောင်ရွက်.ကြောင်း သိရသည်။
ကျိုက်ဒုံမြို့၌ မြန်မာဘာသာ၊စကောကရင်ဘာသာ၊ပိုးကရင်၊ဘာသာဖြင့် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်းရောဂါပိုး အိုမီခရွန်(omicron) ကြိုတင်ကာကွယ်နိုင်စေရေးအတွက် အသိပညာပေး နှိုးဆော်မှုများ ဆောင်ရွက်
Dec 21,2021
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင်ကျိုက်ဒုံမြို့၌ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများက ယနေ့ နံနက် ၉ နာရီက ကျိုက်ဒုံမြို့ အမှတ် (၃) ရပ်ကွက်၌ ဒေသနေပြည်သူများအား မြန်မာဘာသာ၊ စကောကရင်ဘာသာ၊ပိုးကရင်ဘာသာဖြင့် အိုမီခရွန်(omicron) ကိုဗစ်-၁၉ မျိုးရိုး ဗီဇပြောင်း ရောဂါပိုးများကို သတိပြုကာ ကြိုတင်ကာကွယ်နိုင်စေရေးအတွက် အသိပညာပေး နှိုးဆော်မှုများ ဆောင်ရွက်ခဲ့သည်။
ကြာအင်းဆိပ်ကြီးမြို့၌ အများပြည်သူများအား ကိုဗစ်-၁၉ မျိုးဗီဇသစ်ရောဂါ အိုမီခရွန်(omicron) ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်
Dec 21,2021
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့၌ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက၊ မိဘပြည်သူများအားကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း ရောဂါပိုး အိုမီခရွန် (Omicron) ကို သတိပြုအ‌လေးနက်ထား ကြိုတင် ကာကွယ်နိုင်စေရေးအတွက် ယနေ့ နံနက်ပိုင်းအချိန်က မြို့ပေါ်ရပ်ကွက်များအတွင်းသို့ သွား ရောက်ပြီး အသိပညာပေး နှိုးဆော်မှုများ ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ဘားအံမြို့ ၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အများပြည်သူသိရှိလိုက်နာရမည့်အချက်များနှင့် ကိုဗစ်-၁၉မျိုးကွဲသစ် အိုမီခရွန် ရောဂါအကြောင်း အသိပညာပေးနှိုးဆော်
Dec 21,2021
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါနှင့် မျိုးကွဲသစ် အိုမီခရွန်ရောဂါ ကြိုတင် ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက်  အများပြည်သူ သိရှိလိုက်နာရမည့်အချက်များအား ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေးအတွက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်း များက စဉ်ဆက်မပြတ် အသိပညာပေး နှိုးဆော်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက် နှင့် ကျေးရွာအတွင်း အသိပညာပေးနှိုးဆော် လျက်ရှိ ကြောင်းသိရသည်။
ညောင်ရွှေမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အကြို ဟောပြောပွဲနှင့် အသိပညာပေး နယ်လှည့်လှုပ်ရှားမှု ကွင်းဆင်းဆောင်ရွက်
Dec 21,2021
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညောင်ရွှေမြို့နယ်ရုံးသည် ပညာရေးဌာနနှင့် ပူးပေါင်း၍ အခြေခံပညာ ကျောင်းသား/ကျောင်းသူလေးများ အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ အသိပညာဗဟုသုတတိုး ပွားလာစေရန်၊ စာဖတ်ခြင်း အလေ့အထကောင်းများ ရရှိလာစေရန်နှင့် မှတ်ဉာဏ်စွမ်းရည် တိုးတက်လာစေရန် ရည်ရွယ်ချက်ဖြင့် အခြေခံပညာကျောင်းများသို့ သွားရောက်၍ ဟောပြောပွဲများ ဆောင်ရွက်ခြင်း၊ နယ်လှည့်စာကြည်တိုက် ဖွင့်လှစ်ခြင်း၊ နံရံကပ်စာစောင်များပြသခြင်း တို့ကို ဆောင်ရွက်လျက်ရှိရာ  ယမန်နေ့ နံနက် (၉) နာရီက ညောင်ရွှေမြို့၊ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို ဟောပြောပွဲနှင့် နယ်လှည့်စာ ကြည့်တိုက်လှုပ်ရှားမှု ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ကလိန်အောင်မြို့တွင် အသက်(၁၈)နှစ်နှင့်အထက်ပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိ
Dec 21,2021
ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့ အတွင်းရှိ အသက်(၁၈)နှစ်နှင့်အထက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးမထိုးနှံရသေးသောပြည်သူများနှင့်(ဒုတိယအကြိမ်)ထိုးနှံရန်ကျန်ရှိသူများအား ကာကွယ်ဆေးဆက်လက်ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၉ နာရီ အချိန်ခန့်တွင် မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ကလိန်အောင်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံး အစည်းအဝေးခန်းမ၌ စနစ်တကျထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ဖျာပုံမြို့နယ် မရဲ့ပျားမွတ်ကျေးရွာအုပ်စုတွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်
Dec 21,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ဆောင်စို့” ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက် ဖြင့် ရပ်ကွက်/ကျေးရွာများအရောက် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ယမန်နေ့ နံနက် (၁၀)နာရီအချိန်က ဖျာပုံမြို့နယ် မရဲ့ပျားမွတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးတွင် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့် ချောက်မြို့နယ် ပြည့်ပင်အုပ်စု၊ မိုလာကျေးရွာတွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များကွင်းဆင်း ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေး
Dec 21,2021
ချောက်မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့‌နယ်အတွင်းရှိ မြို့ပေါ်ရပ် ကွက်များကျေးရွာအုပ်စုများတွင်ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များ ကွင်းဆင်း ဆောင်ရွက်‌ပေး လျက်ရှိရာဒီ​ဇင်ဘာ၂၀ရက်​နေ့ နံနက်ပိုင်းက ချောက်မြို့နယ် ပြည့်ပင်အုပ်စု၊မိုလာကျေးရွာတွင် ပန်းခင်းစီမံ ချက် ဖြင့်နိုင်ငံသားစိစစ်ရေးကတ်များ ကွင်းဆင်းဆောင်ရွက်ပေးနေမှုအား တိုင်းဒေသကြီးအစိုးရအ ဖွဲ့ဝင် လူမှုရေး ရာဝန်ကြီး ဦးစိုးပိုင်မြင့်က ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။