ဇေယျာသီရိ ဒီဇင်ဘာ ၂၁
၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်(၆)လအတွင်း နေပြည်တော်ကောင်စီ ငွေလုံးငွေရင်းခွင့်ပြု ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ကျပ်သန်း (၁၀၀) အထက် လုပ်ငန်းများအတွက် နည်းပညာ အဆိုပြုလွှာ ဖွင့်ဖောက်စစ်ဆေးသည့် အခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက နေပြည်တော်၊ ဇေယျာသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်တင်ဒါကော်မတီဥက္ကဋ္ဌ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီး မင်းနောင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ဇေယျာသီရိမြို့နယ် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇေထက်အောင်က တင်ဒါဆိုင်ရာ စည်းမျည်းစည်းကမ်းများအား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် နေပြည်တော်ကောင်စီ ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေဖြင့် ဇေယျာသီရိမြို့နယ်အတွင်း ဆောင်ရွက်မည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း လမ်းလုပ်ငန်း (၄)ခု၊ အုတ်စီရေမြောင်း လုပ်ငန်း (၂) ခု အတွက် ကျပ်သန်း(၁၀၀) အထက် လုပ်ငန်းများအတွက် စုစုပေါင်း Lot (၃) ခုနှင့် QA/QC အတွက် Lot (၁) ခု စုစုပေါင်း lot (၄) ခု တို့အား တင်ဒါခေါ်ယူခဲ့ပြီး မြို့နယ်တင်ဒါကော်မတီ အဖွဲ့ဝင်များက တင်ဒါလျှောက်လွှာ တင်သွင်းထားသည့် နည်းပညာအဆိုပြုလွှာများကို သက်ဆိုင်ရာ ဌာနဆိုင်ရာများ၊ တင်ဒါလျှောက်လွှာ တင်သွင်းထားသည့် ကုမ္ပဏီများမှ တာဝန်ရှိသူများ၏ ရှေ့မှောက်တွင် ဖွင့်ဖောက်စစ်ဆေးခဲ့ကြောင်း သိရသည်။
ထွန်းလင်း (ပြန်/ဆက်)