ပန်းတနော်မြို့ သန့်ရှင်းသာယာလှပစေရေး ရန်ကုန်- ပုသိမ်ကားလမ်းဘေး ဝဲ/ ယာ ရှိ ခြုံနွယ်မြက်ပင်များ ရှင်းလင်းခြင်းနှင့် အလှပန်းပင်များ စိုက်ပျိုးခြင်း ဆောင်ရွက်

ပန်းတနော် ဒီဇင်ဘာ ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့ သန့်ရှင်းသာယာလှပစေရေးအတွက် စည်ပင်သာယာရေး အဖွဲ့မှ မြို့အဝင် ရန်ကုန်- ပုသိမ်ကားလမ်းမကြီး လမ်းဘေး ဝဲ/ ယာ ရှိ ခြုံနွယ်မြက်ပင်များခုတ်ထွင်ရှင်းလင်းခြင်း အလှပန်းပင်များ စိုက်ပျိုးခြင်း ဆောင်ရွက်လျက်ရှိရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းဗိုလ်နှင့်အဖွဲ့ဝင် များက သွားရောက်ကြည့်ရှုအားပေးခဲ့သည်။

ပန်းတနော်မြို့ သန့်ရှင်းသာယာလှပစေရေးအတွက် ရန်ကုန်- ပုသိမ် ကားလမ်းဘေး ဝဲ/ ယာတစ်လျှောက်တွင် စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများက ခြုံနွယ်မြက်ပင်များရှင်းလင်းခြင်း၊ အလှပန်းပင်များစိုက်ပျိုးခြင်း၊ ရေစီးရေလာကောင်းမွန်စေရေး ရေမြောင်းများတူးဖော်ခြင်းနှင့် ပန်းရွှေဝါပန်းခြံတွင် အများပြည်သူများ အပန်း ဖြေ နားနေနိုင်စေရေးအတွက် ခုံနေရာများ စီစဉ်ထားရှိခြင်း၊ဆေးသုတ်ခြင်း၊အလှမီးသီးမီးပန်းများ​ ထားရှိခြင်း၊ အလှပန်းပင်များစိုက်ပျိုးခြင်း၊ မြက်ပင်များ ရှင်းလင်းခြင်း၊ ကျန်းမာရေးအတွက် ကိုယ်လက်လှုပ်ရှား အားကစား ဆိုင်ရာ ပစ္စည်းများထားရှိခြင်းများ ဆောင်ရွက်ပေးထားကြောင်း သိရသည်။

 

မြို့နယ်(ပြန်/ ဆက်)